International Celebrity: ဆက်စီကျကျ လှပနေတဲ့ ရီတာအိုရာရဲ့ မဂ္ဂဇင်းမျက်နှာဖုံးဓာတ်ပုံသစ်တွေ

ခါတိုင်းထက် နုပျိုလှပနေပါတယ်။

play

 

အသက် ၂၅ နှစ်အရွယ် အဆိုတော် ရီတာအိုရာဟာ Cosmopolitan မဂ္ဂဇင်းရဲ့ စက်တင်ဘာလထုတ် မျက်နှာဖုံးအတွက် ဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။

play

 

အယ်ဘမ်သစ်ထုတ်ဖို့လည်း ပြင်ဆင်နေတဲ့ သူမဟာ မဂ္ဂဇင်းကာဗာဖိုတိုတွေအတွက် စိတ်ပါလက်ပါ အကောင်းဆုံး ရိုက်ကူးပေးနေတာကို မြင်တွေ့ရပါတယ်။

play

 

ဓာတ်ပုံလေးတွေက သဘာဝကျကျ လှပနေပြီး ရီတာအိုရာရဲ့ လန်းဆန်းတက်ကြွတဲ့ စတိုင်လေးတွေကိုလည်း မြင်တွေ့ရပါတယ်။

play

 

ကုတ်အင်္ကျီအမျိုးမျိုးကို ဝတ်လို့ ရိုက်ကူးပေးခဲ့တဲ့ တာအိုရာဟာ Rita လို့ ကျောမှာ သူမနာမည်ရေးထားတဲ့ ဂျာကင်ကို ဘောင်းဘီတိုလေးနဲ့ တွဲဖက်ဝတ်ဆင်လို့ သူမရဲ့ သွယ်ပြောင်းတဲ့ ပေါင်တံအလှကို ပြသထားပါသေးတယ်။

play

 

တစ်ပုံမှာလည်း ကုတ်အင်္ကျီကို ခပ်ရှောရှောလေး ဝတ်ရင်း ကျောပြင်က တက်တူးတွေကို ဖော်ထားပါသေးတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ