International Celebrity: ဂျပန်မလေးစတိုင်နဲ့ ဂျပန်ကို ရောက်လာတဲ့ ဆယ်လီနာဂိုးမက်စ်

ဆယ်လီနာရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်က ဂျပန်ကို ရောက်သွားပါပြီ။

play

 

ဆယ်လီနာဂိုးမက်စ်ဟာ သူမရဲ့ Reivial ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်နဲ့ အာရှကို လှည့်လည်ဖျော်ဖြေရာမှ ဂျပန်နိုင်ငံက Haneda လေဆိပ်ကို ရောက်ရှိခဲ့ပါတယ်။

play

 

လေယာဉ်ပေါ်က ဆင်းလာတဲ့ ဆယ်လီနာရဲ့ပုံစံလေးဟာ ခေါင်းထိပ်မှာ ဆံပင်တွေအားလုံး သိမ်းပြီး စုစည်းလို့ နဖူးပေါ်မှာ ရှေ့ဆံပင်လေးတွေချကာ မျက်မှန်ဝိုင်းလေး တပ်ထားပုံက ဂျပန်မလေးတစ်ယောက်အလားပါပဲ။

play

 

အဖျားလေးတွေ စုတ်ဖြဲထားတဲ့ ဒီဇိုင်းနဲ့ လည်ပင်းပိတ် Crop Top လေးကို ကာကီရောင် ဘောင်းဘီရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်လို့ အပေါ်ကနေ ဂျင်းဂျာကင်လက်ရှည်လေးထပ်ဝတ်ထားပြီး ပေါ့ပါးတဲ့စတိုင်လေးနဲ့ ချစ်စဖွယ်လေး ဖြစ်နေပါတယ်။

play

 

သီချင်းဆိုရတာ စိတ်သိပ်မပါဘူးလို့ ပြောခဲ့တဲ့ ဆယ်လီနာဟာ အခုတော့လည်း ပြုံးပြုံးရွှင်ရွှင်နဲ့ စိတ်ကြည်လင်နေပုံပါပဲ။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ