International Celebrity: ဂျက်စတင်ဘီဘာရဲ့ ရေကူးကန်ထဲ ရောက်နေတဲ့ ဘီကီနီမလေးများ

ဂျေဘီက သူ့မှာ ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေကြောင်း သက်သေပြလိုက်တာပါ။

play

 

ဂျက်စတ်ဘီဘာဟာ သူ့ရဲ့ရေကူးကန်ထဲမှာ ရောက်နေတဲ့ ဘီကီနီမလေးတွေကို ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်မှာတင်ရင်း သူ့အတွက် မိန်းမလှလေးတွေ မရှားပါးကြောင်း ပြသလိုက်ပါတယ်။

play

 

အင်စတာဂရမ်မှာတင်လိုက်တဲ့ အဲဒီဗီဒီယိုထဲမှာ ဂျေဘီရဲ့ပုံ မပါပေမဲ့ မိန်းမလှ ၄ ဦးကြောင့် သူ့ရဲ့ပရိသတ်က စိတ်ဝင်စားနေကြပါတယ်။

play

 

ပြီးခဲ့တဲ့ လကမှ ဂျေဘီကို သူ့ရဲ့ ရည်းစားဟောင်း ချန်တဲဂျက်ဖရီနဲ့ ပြန်တွဲနေတာ မြင်လိုက်ရပါသေးတယ်။

play

 

နှစ်ယောက်အတူ ရုပ်ရှင်ကြည့်ခဲ့ကြပြီး နောက်တစ်နေ့မနက်မှာ ဂျေဘီတည်းတဲ့ ဟိုတယ်ထဲက ချန်တဲထွက်လာခဲ့တဲ့အတွက် သူတို့ပြန်လည်အဆင်ပြေနေပြီလို့ ထင်နေကြပေမဲ့ အဲဒီနောက်မှာတော့ နှစ်ယောက်သား တွဲသွားတွဲလာလုပ်တာ မတွေ့ရပြန်ပါဘူး။

play

 

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ