International Celebrity: ဘီကီနီနဲ့မှ ပိုပြီးလှနေသူ ရှာရွန်စတုန်း

၁၉၉၂ ခုနှစ်က ခန္ဓာကိုယ်နဲ့ ၂၀၁၆ ခန္ဓာကိုယ် အတူတူလိုပါပဲ။ နုပျိုလှပနေဆဲပါ။

play

 

မင်းသမီးကြီးရှာရွန်စတုန်းဟာ ဘီကီနီတွေဝတ်ထားချိန်မှာ ဆွဲဆောင်မှုပြင်းထန်သူတစ်ဦးပါ။ ၁၉၉၂ ခုနှစ်နှစ်ကလည်း Basic Instinct ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေကြောင့် သူမရဲ့အလှက ပိုပြီးလူသိများခဲ့ရပါတယ်။

play

 

အသက် ၅၈ နှစ် ရောက်နေပြီဖြစ်တဲ့ ရှာရွန်က ယခုချိန်ထိလည်း ဘီကီနီနဲ့ ကြည့်ကောင်းနေဆဲဆိုတာ သူမရဲ့အင်စတာဂရမ်မှာ သက်သေပြထားပါတယ်။ လော့စ်အန်ဂျလိစ်က ရေကူးကန်တစ်ခုမှာ အနက်ရောင်ဘီကီနီလေးကိုဝတ်ပြီးရယ်မောနေပုံက လွန်ခဲ့တဲ့နှစ်များဆီကလို နုပျိုလန်းဆန်းနေတာ တွေ့ရပါတယ်။

play
Basic Instinct ဇာတ်ကားမှာ အတူတွဲသရုပ်ဆောင်ခဲ့စဉ်

 

ရှာရွန်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုကတော့ မိုက်ကယ်ဒေါက်ဂလပ်စ်နဲ့အတူ Ant-Man ရုပ်ရှင်သစ်မှာ ပါဝင်သရုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ