International Celebrity: ဘောလိဝုဒ်မင်းသမီးဖြစ်သွားတဲ့ ဗြိတိန်မော်ဒယ် ဂမ်မာအက်ကင်ဆန်

, updated

လျှို့ဝှက်သည်းဖို အိန္ဒိယရုပ်ရှင်ကားတစ်ကားမှာ ခေါင်းဆောင်ပါဝင်ထားပါတယ်။

play

 

ဗြိတိန်သူလေး ဂမ်မာအက်ကင်ဆန်ရဲ့ ဆက်စီမဂ္ဂဇင်းဓာတ်ပုံတစ်ပုံကို မြင်သွားတဲ့ အိန္ဒိယဒါရိုက်တာက သူမကို လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားတစ်ကားမှာ ခေါင်းဆောင်အဖြစ်ပါဝင်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

play

 

အတွင်းခံ၊ ရေကူးဝတ်စုံနဲ့ အမျိုးသားဖတ် မဂ္ဂဇင်းတွေအတွက် မော်ဒယ်အဖြစ် အောင်မြင်မှုရရှိနေပြီးသားဖြစ်တဲ့ သူမဟာ ဒီတစ်ပတ်အတွင်းမှာ ထွက်ရှိမယ့် ဘောလိဝုဒ်ရုပ်ရှင်ကား Fever အတွက် သရုပ်ဆောင်ထားပါတယ်။

play

 

မော်ဒယ်ဘဝကနေ ရုပ်ရှင်တစ်ကားအတွက် အဓိကသရုပ်ဆောင်ခ ပေါင် ၆ သန်းအထိ ရကြတဲ့ ဘောလိဝုဒ်ရုပ်ရှင်လောကထဲကို ဂမ်မာတစ်ယောက် ဝင်ရောက်နိုင်ပြီဖြစ်ပါတယ်။

play

 

ဟိန္ဒူစကား ပြောဖို့အတွက် အစပိုင်းမှာ အခက်အခဲတွေ ရှိပေမဲ့လည်း အခုတော့ ဘောလိဝုဒ်မှာ ထပ်ပြီး သရုပ်ဆောင်ချင်သေးတယ်လို့ အသက် ၃၁ နှစ်အရွယ် ဂမ်မာက ဆိုပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ