International Celebrity: အိပ်ပျော်နေတုန်း ဓာတ်ပုံရိုက်သွားတဲ့ပရိသတ်ကို နီရဲလ်ဟိုရန်ပြစ်တင်စကားဆို

နေမကောင်းဖြစ်နေချိန် ဆယ်လ်ဖီမရိုက်ဖို့ပြောမိတာနဲ့ အိပ်ပျော်နေတုန်းချောင်းရိုက်ခံလိုက်ရတာပါ။

play

 

နီရဲလ်ဟိုရန်ကို ခွင့်ပြုချက်မတောင်းဘဲ ဓာတ်ပုံရိုက်သွားတဲ့ ပရိသတ်ကို နီရဲလ်က ပြစ်တင်စကားဆိုလိုက်ပါတယ်။ အဲ့ဒီပရိသတ်က သူ့ရဲ့ပုံကို တွစ်တာပေါ်တင်ထားတာကိုမြင်ပြီးနောက် နီရဲလ်က စိတ်မသက်သာမဖြစ်ခဲ့ရပါတယ်။

play

 

သူက နီရဲလ်နဲ့အတူ ဘေးချင်းကပ်ထိုင်ခဲ့တာဖြစ်ပြီး နီရဲလ်အိပ်ပျော်နေတုန်းမှာ ခွင့်ပြုချက်မတောင်းဘဲဓာတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။ " သူကဖျားနေလို့ ဆယ်လ်ဖီမရိုက်ဖို့ပြောတယ်၊ ဒါကြောင့် သူအိပ်နေတုန်း ဓာတ်ပုံရိုက်ခဲ့တယ်" ဆိုတဲ့ စာသားနဲ့အတူ တွစ်တာပေါ်မှာ နီရဲလ်ရဲ့ပုံကို တင်ခဲ့တာပါ။ လန်ဒန်ကနေ ချီကာဂိုကိုသွားတဲ့လေယာဉ်ပေါ်မှာ ၉ နာရီကြာလိုက်ပါလာခဲ့ရတဲ့အပြင် နေမကောင်းတာကြောင့် လဲလျောင်းအိပ်စက်နေတဲ့သူ့ကို အဆိုပါပရိသတ်က ဓာတ်ပုံရိုက်ပြီးတွစ်တာပေါ်တင်လိုက်တာကြောင့် နီရဲလ်ဟာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပြီး ပုံကိုလည်းသူ့ရဲ့တွစ်တာအကောင့်ပေါ်မှာ ပြန်တင်ထားကာ အဆိုပါပရိသတ်ကို ပြစ်တင်စကားဆိုခဲ့ပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ