International Celebrity: အမိုက်စားကိုရီးယား မော်ဒယ်မင်းသား

School 2013 ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ သူဟာ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချော ဖြစ်လာပါတယ်။

play

 

နာမည်ကြီးလာတာမကြာသေးတဲ့ တောင်ကိုရီးယား မော်ဒယ်မင်းသား ကင်မ်ဝူဘင်းဟာ ကျောင်းသားဘဝကတည်းက မော်ဒယ်လုပ်ရတာကို ဝါသနာပါခဲ့သူပါ။ ၂၀၀၉ ခုနှစ်မှစတင်ကာ Seoul Fashion Week မှာ မော်ဒယ်အဖြစ် ရှိုးစတင်လျှောက်ခဲ့ပါတယ်။

play


အဲ့ဒီ့နောက်မှာတော့ ၂၀၁၁ ခုနှစ်မှာ သရုပ်ဆောင်လောကဘက် ခြေဦးလှည့်လာခဲ့ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ချို့မှာ ဇာတ်ပို့မင်းသားနေရာကနေ ပါဝင်ခဲ့ပါတယ်။

play


၂၀၁၂ ခုနှစ် School 2013 ရုပ်ရှင်ဇာတ်လမ်းတွဲမှာတော့ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ သူဟာ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချော ဖြစ်လာပါတယ်။

play


၂၀၁၃ မှာပြသခဲ့တဲ့ The Heirs ရုပ်ရှင်ဇာတ်လမ်းတွဲမှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ပြန်ပါတယ်။ ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာလည်း သရုပ်ဆောင်ခဲ့တဲ့ ဝူဘင်းဟာ ရုပ်သံအစီအစဉ် တချို့မှာလည်း မကြာခဏပါဝင်တတ်ပြီး Running Man အစီအစဉ်မှာ ပရိသတ်တွေမကြာခဏ တွေ့မြင်ရလေ့ရှိပါတယ်။

play


အနုပညာထူးချွန်ဆုတွေ ပိုင်ဆိုင်ထားတဲ့ ဝူဘင်းဟာ ၂၀၁၅ မှာတော့ အဆိုတော်မင်းသမီး Shin Min-a နဲ့ချစ်ကြိုးသွယ်နေတယ်လို့ အတိအလင်း သတင်းထွက်လာခဲ့ပါတယ်။ မော်ဒယ်မင်းသားချော ဝူဘင်းရဲ့ မွေးနေ့က ၁၉၈၉ ခုနှစ် ဇူလိုင် ၁၆ ရက် ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ