International Celebrity: စပိန်ကမ်းခြေမှာ မြူးကြွခုန်ပေါက်နေတဲ့ ပဲရစ်ဟီတန်

ခြေဖျားထိရှည်တဲ့ ဂါဝန်လေးကို ဝတ်ပြီး ကာတွန်းအိတ်ကို လွယ်ထားပါတယ်။

play

 

စနေနေ့ညတိုင်း အီဘီဇာက နာမည်အကြီးဆုံး ကလပ်တစ်ခုမှာ အမြဲတမ်း ဒီဂျေတီးနေတဲ့ ပဲရစ်ဟီတန်ဟာ အလုပ်အားရက် တနင်္လာနေ့ (သြဂုတ်လ ၁) ရက်မှာတော့ ကမ်းခြေမှာ စိတ်ရှိလက်ရှိကို အပန်းဖြေနေပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် အဆိုတော် မော်ဒယ် မင်းသမီး ပဲရစ်ဟီတန်ဟာ လက်ထဲမှာ စာအုပ်တစ်အုပ်ကိုင်လို့ ပြုံးပျော်ရွှင်စွာ လျှောက်လှမ်းလာတာကို မြင်ရပါတယ်။

play

 

သဘောကောင်းလှတဲ့ ပဲရစ်ဟီတန်ဟာ ကမ်းခြေမှာ လမ်းလျှောက်လာရင်း ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် အလှဆုံး ပို့စ်တွေကို ပေးလို့ ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။

play

 

ကမ်းခြေမှာ စာအုပ်ဖတ်ရင်း နေပူဆာလှုံပြီးတဲ့နောက် ညနေကျတော့ သူမဟာ သူငယ်ချင်းတွေနဲ့အတူ ကမ်းခြေဘားတစ်ခုမှာ ကော့တေးပါတီလုပ်ခဲ့ပါတယ်။

play

 

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ