International Celebrity: ဟောလိဝုဒ်မှာ အရေးပါတဲ့နေရာတစ်ခု ရတဲ့ ဇေးမောလစ်

ဇေးမောလစ်က One Direction ကနေ ခွဲထွက်ခဲ့ရတာကို ပျော်ရွှင်နေပုံပါပဲ။

play

 

One Direction အဆိုတော်ဟောင်း ဇေးမောလစ်ဟာ ဟောလိဝုဒ်မှာ အရေးပါတဲ့နေရာတစ်ခုကို တာဝန်ယူဖို့ လက်ခံလိုက်တယ်လို့ သိရပါတယ်။

အောင်မြင်ကျော်ကြားလာတဲ့ အမျိုးသားအဆိုတော်အဖွဲ့တစ်ဖွဲ့အကြောင်း ရိုက်ကူးမယ့် ရုပ်သံစီးရီးတစ်ခု ဖန်တီးရာမှာ ဇေးက သူ့ရဲ့ ကျွမ်းကျင်မှုကို အသုံးပြုမှာ ဖြစ်ပါတယ်။

play

 

Emmy ဆုရ အမေရိကန်စီးရီး Entourage ကို ဖန်တီးသူများနဲ့ ချိတ်ဆက်ပြီး ဖေးမောလစ်က စီးရီးသစ်မှာ အမှုဆောင်ထုတ်လုပ်သူအဖြစ် ပါဝင်မယ်လို့ သိရပါတယ်။

ဇေးဟာ ဇာတ်လမ်းဇာတ်ကွက် ဖန်တီးရာကအစ အရေးကြီးတဲ့သရုပ်ဆောင်တွေ ရွေးချယ်မှုအထိ လုပ်နိုင်ပြီး သရုပ်ဆောင်တွေနဲ့ ရုပ်ရှင်အဖွဲ့သားများကိုလည်း အကြံပေးနိုင်တဲ့ အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။

play

 

"ဒါဟာ ဇေးအတွက် မဟာအခွင့်အရေးကြီးပါပဲ။ သူဟာ ဂီတနဲ့ မဆိုင်တဲ့ အခြားပရောဂျက်တွေ လုပ်ကြည်ချင်နေတာ။ ဒါဟာ သူ့အတွက် အကောင်းဆုံး လှုပ်ရှားမှုပါပဲ" လို့ ဇေးနဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ