AD
AD
AD
play

 

လူတွေရဲ့အချစ်တော် ဗြိတိန်တော်ဝင်မင်းသားဟယ်ရီလိုလူမျိုးက စာပို့ပြီးစကားပြောလာတာကို ဘယ်မိန်းကလေးကမှ ငြင်းဆန်နိုင်မှာမဟုတ်တာသေချာပါတယ်။ ဒါပေမဲ့ မားဂေါ့ရော့ဘီးကတော့ ဟယ်ရီကစာပို့လာတာတောင် အချိန်ပေးပြီး စာမပြန်ခဲ့ဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

play

 

ဟယ်ရီနဲ့သူမကြားမှာ အပြန်အလှန် စာပို့ပြီးဆက်သွယ်ကြတဲ့ ခင်မင်ရင်းနှီးမှုမျိုးရှိတယ်လို့ ရော့ဘီးကပြောပါတယ်။ သူမ ပို့လိုက်တဲ့စာကို ဟယ်ရီက ချက်ခြင်းပြန်ပို့ပေမယ့် သူမကတော့ နှေးကွေးလွန်းစွာနဲ့ပဲ အချိန်တော်တော်ကြာမှသာ ပြန်ပို့ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်မင်းသမီးချောနဲ့ တော်ဝင်မင်းသားတို့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာက လန်ဒန်မှာလုပ်တဲ့ပါတီတစ်ခုမှာ စတင်ဆုံတွေ့ခဲ့ကြတာပါ။ မင်းသမီးချောက တော်ဝင်မင်းသားကိုမှတ်တောင်မမှတ်မိတဲ့အပြင် အဆိုတော် အဒ်ရှီယန်လို့တောင် ထင်ခဲ့မိတယ်လို့ ဝန်ခံပါတယ်။ နောက်ပိုင်းမှာတော့ မိတ်ဆွေကောင်းတွေဖြစ်လာခဲ့ကြတယ်လို့ သူမကဆိုပါတယ်။

play
ဓာတ်ပုံတောင် အတူတွဲရိုက်ခဲ့ကြသေးပေမယ့် ဘယ်သူမှန်းရေရေရာရာမသိခဲ့ပါဘူး

Source: Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD