International Celebrity: တေလာဆွစ်ကိုနှစ်သိမ့်ပေးပြီး ပြန်သွားတဲ့တွမ်

တေလာဆွစ်ကတော့ MTV VMA ဆု လျာထားစာရင်းမှာ တစ်ခုမှပါမလာခဲ့ပါဘူး။

play

 

တလောက ထုတ်ပြန်ကြေညာခဲ့တဲ့ MTV တေးဂီတဗီဒီယိုဆုအတွက် လျာထားစာရင်းမှာ တေလာဆွစ်ရဲ့အမည် ပါမလာတဲ့နောက် တေလာဆွစ်ရှိရာ အရောက်လာခဲ့တဲ့ တွမ်ဟစ်ဒယ်လ်စတန်က ဗုဒ္ဓဟူးနေ့မှာ ပြန်သွားခဲ့ပါပြီ။

play

 

တေလာဆွစ်ကို အသက်လောက်ချစ်သလိုမျိုး သည်းသည်းလှုပ်ပြနေသူကြီးက တေလာဆွစ်မပါဘဲ သြစတြေးလျကို ပြန်လာခဲ့တာပါ။ ဒါပေမဲ့ လွမ်းဆွတ်နေပုံတော့ မတွေ့ရပါဘူး။ ဘရစ္စဘိန်းလေဆိပ်မှာ အဖော်ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ ရယ်ရယ်မောမောရှိနေတာကို တွေ့ရပါတယ်။

play

 

MTV တေးဂီတဗီဒီယိုဆုအတွက် လျာထားစာရင်းမှာ တေလာဆွစ်ကူညီရေးစပ်သီဆိုခဲ့တဲ့ ကယ်ဗင်ဟားရစ်ရဲ့ This Is What You Came For သီချင်းကလည်း ပါဝင်လာသလို တေလာဆွစ်ရဲ့အဝတ်မဲ့ဖယောင်းရုပ်ပုံပါဝင်တဲ့ ကာညေးဝက်စ်ရဲ့ Famous သီချင်းလည်း ပါဝင်လာခဲ့ပါတယ်။ တေလာဆွစ်ကတော့ ဆုလျာထားစာရင်းမှာ တစ်ခုမှပါမလာခဲ့ပါဘူး။

play

 

အလိုက်သိတဲ့တွမ်က လော့စ်အန်ဂျလိစ်ကို ချက်ခြင်းရောက်လာခဲ့ပြီး တေလာဆွစ်နဲ့အတူ အချိန်တွေကုန်ဆုံးပေးခဲ့တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ