International Celebrity: မြို့လယ်ကောင်မှာ ဟာသလုပ်နေတဲ့ လိယိုနာဒိုဒီကက်ပရီယို

နယူးယော့ခ်လမ်းပေါ်မှာ ဂျိုနာဟေးလ်ကို လီယိုနာဒိုက စနောက်ခဲ့တာ ဖြစ်ပါတယ်။

play

 

The Wolf of Wall Street ရုပ်ရှင်ကားရဲ့ တွဲဖက်သရုပ်ဆောင်နှစ်ဦးဟာ အခုထိ ညီအစ်ကိုလို ချစ်ခင်နေတုန်းဆိုတာကို မြင်တွေ့ရတာဖြစ်ပါတယ်။

လီယိုနာဒိုဟာ နယူးယော့ခ်က လမ်းမတစ်ခုမှာ သူ့ရဲ့တွဲဖက်သရုပ်ဆောင် ဂျိုနာဟေးလ်နားကို တိတ်တဆိတ်ချဉ်းကပ်သွားပြီး ပရိသတ်တစ်ယောက် အယောင်ဆောင်လို့ အံ့သြအောင် လုပ်ခဲ့တာပါ။

play

 

သူတို့နှစ်ယောက်ဟာ ၂၀၁၃ ခုနှစ်က The Wolf of Wall Street ဇာတ်ကားရိုက်ရင်း သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပြီး အခုထိလည်း အရမ်းခင်ကြတုန်းဆိုတာကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

play

 

The Revenant၊ Inception နဲ့ The Departed တို့လို ဇာတ်ကားတွေထဲမှာ တည်တည်ကြည်ကြည်နဲ့ သရုပ်ဆောင်ခဲ့တဲ့ လီယိုဟာ သူငယ်ချင်းတွေနဲ့တွေ့ရင် ရွှတ်နောက်နောက် နိုင်တဲ့သူတစ်ယောက်ဆိုတာကိုလည်း တွေ့လိုက်ရပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ