International Celebrity: စိတ်တည်ငြိမ်ဖို့ နေ့တိုင်းငိုတယ်ဆိုတဲ့ ကာရာဒယ်လဗင်း

နေ့တိုင်း အားရပါးရငိုတယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။

play

 

မော်ဒယ် သရုပ်ဆောင် ကာရာဒယ်လဗင်းက အမေရိကန် Elle မဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ကူးပေးစဉ်မှာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

ငယ်စဉ်က စိတ်ခံစားချက်ကို ဖုံးကွယ်ထားဖို့ တိုက်တွန်းခံခဲ့ရတဲ့ သူမဟာ အခုတော့ အဲဒီလို မလုပ်နိုင်တော့ပါဘူး။

"နေ့စဉ် အပြင်းအထန် မငိုကြွေးဘူးဆိုရင် ကျွန်မ နာကျင်မှုတွေက ရင်ထဲမှာရှိနေလိမ့်မယ်" လို့ သူမက ဆိုပါတယ်။

play

 

"တစ်နေရာမဟုတ်တစ်နေရာက အမြဲတမ်းနာကျင်နေတာလေ။ ဘာလဲဆိုတာ သိအောင်ရှာဖွေပြီး ဖွင့်ထုတ်လိုက်တာ ကောင်းပါတယ်" လို့ ကာရာက ပြောပြခဲ့ပါတယ်။

အဲဒီလို ရှာဖွေနိုင်ဖို့အတွက် ကာရာဒယ်လဗင်းဟာ နေ့တိုင်း ယောဂကျင့်ပါတယ်။

play

 

ဆယ်ကျော်သက်အရွယ်မှာ စိတ်ကျဝေဒနာခံစားခဲ့ရတယ်လို့ ပြောပြခဲ့တဲ့ ကာရာဟာ အခု ၂၃ နှစ်မှာတော့ သူမထက် ငယ်ရွယ်သူတွေကို အနာဂတ်အတွက် တက်ကြွနေစေအောင် ကူညီပေးဖို့ သူမမှာ တာဝန်ရှိတယ်လို့ ခံစားနေရတယ်လို့ ဆိုပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ