International Celebrity: ခရစ္စဂျန်နာ ယာဉ်တိုက်မှုဖြစ်လို့ ကာဒါရှီယန်တစ်သိုက်ပျာယာခတ်

ဝယ်ထားတာ တစ်ပတ်ပဲရှိသေးတဲ့ ရိုးလ်ရွိုက်စ်ကားကြီးကတော့ ဆိုးဆိုးရွားရွားပျက်စီးသွားပါတယ်။

play

 

ကာဒါရှီယန်-ဂျန်နာ ညီအစ်မတစ်သိုက်ရဲ့မိခင် ခရစ္စဂျန်နာ ယာဉ်တိုက်မှုဖြစ်ပွားတဲ့သတင်းကြောင့် ကာဒါရှီယန်ဆွေမျိုးတစ်သိုက် ပျာယာခတ်သွားခဲ့ရပါတယ်။

play

play

ဗုဒ္ဓဟူးနေ့က လော့စ်အန်ဂျလိစ်ရှိ သူမရဲ့အိမ်အနီးမှာ ဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့သီတင်းပတ်ကမှ ဝယ်ထားတဲ့ ဒေါ်လာ ၂၅၀၀၀၀ တန် ရိုးလ်ရွိုက်စ်ကားကြီးကို ခရစ္စဂျန်နာက တစ်ကိုယ်တည်း မောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

play

သတင်းကြားကြားချင်းမှာ ကိုင်လီဂျန်နာ၊ ကလိုဝီကာဒါရှီယန်၊ ကာညေးဝက်စ်တို့က ခရစ္စရှိရာ အပြေးရောက်လာကြပါတယ်။ ခရစ္စနဲ့တွဲနေတဲ့ ကိုရေးဂမ်ဘဲလ်ကလည်း ခရစ္စကို စိုးရိမ်စိတ်နဲ့ ချက်ချင်းရောက်လာခဲ့ပါတယ်။

play

Prius ကားကိုမောင်းလာသူက မီးနီကိုဖြတ်မောင်းတာကြောင့် ခရစ္စရဲ့ကားကဝင်တိုက်မိသွားတာပါ။ ကားနှစ်စီးလုံးကတော့ အတော်လေးပျက်စီးသွားပါတယ်။ ခရစ္စကတော့ လက်ကောက်ဝတ်မှာ ဒဏ်ရာအနည်းငယ်ရသွားတာကလွဲရင် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

Source : TMZ, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ