International Celebrity: စူပါမော်ဒယ် ချန်နယ်အီမန်နဲ့ အတူကဲနေတဲ့ လူးဝစ်ဟမ်မင်တန်

နာမည်ထွက်နေတာက တခြားမော်ဒယ်တစ်ယောက်နဲ့ပါ။

play

 

ဖော်မြူလာဝမ်းချန်ပီယံ လူးဝစ်ဟမ်မင်တန်က မော်ဒယ် ဘာဘရာပယ်ဗင်နဲ့ ဒိတ်လုပ်နေတယ်လို့ နာမည်ထွက်နေခဲ့ပေမဲ့ Barbados ပွဲတော်မှာ Victoria's Secret မော်ဒယ် ချန်နယ်အီမန်နဲ့ တရင်းတနှီးရှိနေပါတယ်။

play

 

သြဂုတ်လ ၁ ရက်နေ့တုန်းက Barbados Kadooment Day Parade မှာ ပါတီလုပ်ကြရင်း လူးဝစ်က ချန်နယ်ရဲ့ နားနားကို ကပ်ပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။ ချန်နယ်ကလည်း လူးဝစ်နဲ့ စကားပြောနေချိန်မှာ တစ်ချိန်လုံး ပြုံးနေခဲ့ပါတယ်။

play

 

ချန်နယ်ဟာ လူးဝစ်နဲ့ အတူရှိရတာ ပျော်ရွှင်စွာ ကနေပုံကို ဗီဒီယိုရိုက်ပြီး အင်စတာဂရမ်မှာတောင် တင်ခဲ့ပါသေးတယ်။

play

 

နောက်တစ်နေ့မှာလည်း သူတို့နှစ်ဦးဟာ သူငယ်ချင်းအချို့နဲ့အတူ ပါတီပေးနေတာကို မြင်တွေ့ရပြန်ပါတယ်။

play

 

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ