International Celebrity: ဂျနီဖာလိုးပက်စ် ကိုယ်ဝန်ရှိနေပြီလို့ သတင်းထွက်

အသက် ၄၇ နှစ်မှ ကလေးယူတယ်ဆိုတော့ အားလုံး အံ့သြနေကြပါတယ်။

play

 

ဂျနီဖာလိုးပက်စ်ဟာ အသက် ၄၇ နှစ်အရွယ်ကျမှ တတိယမြောက် ကိုယ်ဝန်ကို လွယ်လိုက်ပြီလား။ သူမရဲ့ချစ်သူ ကက်စပါစမတ်ကတော့ အရမ်းကို ပျော်နေတယ်လို့ သိရပါတယ်။

တွဲလာတာကြာပြီဖြစ်တဲ့ သူမရဲ့ချစ်သူက ကလေးလိုချင်လို့ ပူဆာနေတာ လနဲ့ချီရှိနေပြီဖြစ်ပြီး အခုလို ကိုယ်ဝန်ရှိတဲ့အတွက် ဂျေလိုကို ဘုရင်မတစ်ပါးလို ဆက်ဆံနေတယ်လို့ ဆိုပါတယ်။

play

 

"ဂျေလို ဘာပဲလိုချင်လိုချင် သူက ချက်ချင်းကို ယူပေးတာ။ တစ်ခါတလေ ဂျေလို မပြောခင်ကတည်းက သူက လုပ်ပြီးနေပြီ" လို့ သူတို့စုံတွဲနဲ့ ရင်းနှီးသူတစ်ဦးက ဆိုပါတယ်။

အခုတလော ဂျေလိုတစ်ယောက် အရမ်းအလုပ်များလှပေမဲ့ အိမ်ထောင်နဲ့ အတည်တကျနေဖို့ အဆင်သင့်ဖြစ်နေပြီလို့လည်း ထိုသူက ပြောခဲ့ပါတယ်။

play

 

ကက်စပါက သားယောက်ျားလေး လိုချင်ပြီး အားလုံးကတော့ ဒီအသက်အရွယ်မှာ မွေးတဲ့ကလေးက ကျန်းမာသန်စွမ်းပါ့မလားလို့ စိုးရိမ်ပူပန်နေကြပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ