International Celebrity: ယုံယုံကြည်ကြည်နဲ့ထောက်ခံပေးတဲ့ ပရိသတ်တွေကို လီဂျင်ဝတ်ကျေးဇူးတင်စကားဆို

အမှန်တရားမပေါ်ပေါက်ခင်ကတော့ ဂျင်ဝတ်အတွက် ခက်ခဲတဲ့အချိန်တွေဖြစ်ခဲ့ရပါတယ်။

play

 

လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ စွဲချက်တွေအားလုံးကို ဖြေရှင်းပြီးနောက်မှာ လီဂျင်ဝတ်က သူ့ဘက်မှာရပ်တည်ပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဇူလိုင်လလယ်က တောင်ကိုရီးယားမင်းသားလီဂျင်ဝတ်ဟာ A အမည်ဝှက်နဲ့ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုပြီး တရားစွဲဆိုခံခဲ့ရတာပါ။ ဂျင်ဝတ်ရဲ့ပရိသတ်တွေက မင်းသားဘက်မှာ အပြည့်အဝရပ်တည်ပေးခဲ့ကြတာဖြစ်ပါတယ်။

play

 

တရားရုံးက ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီးနောက်မှာတော့ လီဂျင်ဝတ်မှာ အပြစ်မရှိကြောင်း ပေါ်ထွက်လာခဲ့ပါတယ်။ အမှန်တရားမပေါ်ပေါက်သေးခင်ကြား ခက်ခဲတဲ့ကာလတွေမှာ ဂျင်ဝတ်ဘက်က ရပ်တည်ပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ အရည်အသွေးကောင်းတဲ့ သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်အောင် အစွမ်းကုန် ကြိုးစားရင်း ကျေးဇူးတုံ့ပြန်ပါ့မယ်လို့ ဂျင်ဝတ်က သြဂုတ် ၃ ရက်နေ့မှာ အေဂျင်စီကတစ်ဆင့် ကြေညာခဲ့ပါတယ်။

Source : Soompi

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ