International Celebrity: တောက်ပတဲ့ဘရာလေးနဲ့ စက်ဘီးစီးထွက်တဲ့ ရီတာ

ငယ်ငယ်လန်းလန်း အဆိုတော်လေးက ကိုယ်ကျပ်ဘရာလေးနဲ့ ခပ်ပြုံးပြုံးစက်ဘီးစီးမှတော့ မြင်သူငေးရပြီပေါ့။

play

 

လူစည်ကားရာ နယူးယော့ခ်မြို့ကြီးမှာ ကောင်မလေးတစ်ဦးစက်ဘီးစီးနေပုံက ထင်ထင်ရှားရှားပေါ်လွင်ပြီး တောက်ပတဲ့အလှကို မြင်ခဲ့ရပါတယ်။

play

 

အဆိုတော် သရုပ်ဆောင် ရီတာအိုရာက အရောင်တောက်တောက် ဘရာလေးကိုဝတ်ပြီး အိမ်အနီးတဝိုက်မှာ စက်ဘီးထွက်ခဲ့တာပါ။ ရီတာရဲ့ခါးပေါ်မှာ ပန်းရောင်အင်္ကျီတစ်ထည်ကို ချည်နှောင်ထားပြီး အားကစားဘောင်းဘီကျပ်လေးဝတ်ကာ စက်ဘီးစီးခဲ့တာဖြစ်ပါတယ်။

play

 

အများသူငှာအသုံးပြုနိုင်တဲ့ citibike တစ်စီးကိုယူကာ အိမ်နားတစ်ဝိုက်မှာ ကျန်းမာရေးအတွက် စက်ဘီးစီးရင်း လေ့ကျင့်နေခဲ့ပုံပါပဲ။ ခေါင်းမှာလည်း ဖဲကြိုးလေးတွေချည်နှောင်လို့ နားကြပ်လေးတပ်ကာ စက်ဘီးစီးနေပုံက မြင်သူငေးဖို့ရာ ဖြစ်လာခဲ့ပါတယ်။

Source : Daily Mail

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ