International Celebrity: တိုနီဘန်းနတ်ရဲ့ အသက် ၉၀ ပြည့်မွေးနေ့မှာ တည်တည်ငြိမ်ငြိမ်လှနေတဲ့ လေဒီဂါဂါ

ဒီတစ်ခါ ဂါဂါရဲ့အပြင်အဆင်ကတော့ ထူးခြားပါတယ်။

play

 

ဗုဒ္ဓဟူးနေ့က နယူးယော့ခ်မှာပြုလုပ်ခဲ့တဲ့ တိုနီဘန်းနတ်ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ပွဲကို လေဒီဂါဂါက ထည်ဝါပြီးမိန်းမဆန်တဲ့အသွင်နဲ့ တက်ရောက်ခဲ့ပါတယ်။

play

 

ပေါင်တစ်ခြမ်းကိုဖော်ထားတဲ့ အနက်ရောင်ကတ္တီပါဝတ်စုံကို နှုတ်ခမ်းနီနီတစ်စုံ၊ စိန်နားဆွဲတစ်ရံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဂါဂါရဲ့အလှက ကျက်သရေရှိသွားပါတယ်။ သူမ အမြဲဝတ်နေကျပုံစံတွေနဲ့မတူညီအောင် ဝတ်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဂါဂါက တိုနီဘန်းနတ်အတွက် အမှတ်တရဂုဏ်ပြုဆုတောင်းစကား ပြောကြားပေးခဲ့သလို လူကြားထဲမှာလည်း သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ အဲ့ဒီ့ပွဲကိုရောက်လာခဲ့တဲ့ နယူးယော့ခ်မြို့တော်ဝန်က သြဂုတ် ၃ ရက်၊ ၂၀၁၆ ခုနှစ် နေ့စွဲကို တိုနီဘန်းနတ်နေ့အဖြစ် ကြေညာပေးခဲ့ပါသေးတယ်။

play

 

တိုနီဘန်းနတ်နဲ့ လေဒီဂါဂါတို့ဟာ Cheek To Cheek အယ်လ်ဘမ်ကို အတူသီဆိုခဲ့ကြပြီး ယင်းအယ်လ်ဘမ်ကလည်း ဆုပေါင်းများစွာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တိုနီဘန်းနတ်အတွက်တော့ ဂါဂါက ပန်းနုရောင်နှင်းဆီတွေကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာကို တွေ့ရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ