play


အာရှမှာတင်မဟုတ်ဘဲ ဟောလိဝုဒ်မှာပါ အောင်မြင်နေရာရနေပြီဖြစ်တဲ့ တောင်ကိုရီးယား အက်ရှင်မင်းသားချော လီဗြောင်ဟွန်းဟာ ဆိုးလ်မှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး Miss Korea (1996) ရဲ့ အစ်ကိုလည်းဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်မှာစတင်ကာ အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး သရုပ်ဆောင်ခြေလှမ်းတွေ စတင်ခဲ့ပါတယ်။

play


လီဗြောင်ဟွန်းဟာ ကိုရီးယားဒရာမာ ရုပ်ရှင်ဇာတ်လမ်းတွဲများစွာမှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အတိုက်အခိုက်အက်ရှင်ဇာတ်ရုပ်တွေနဲ့ တစ်သားတည်းကျလွန်းတဲ့သူ့ကို ပရိသတ်တွေ တစ်ခဲနက် အားပေးနှစ်ခြိုက်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲကတော့ Iris ရုပ်ရှင်ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။

play


ဟောလိဝုဒ်မှာလည်း ၂၀၀၉ ခုနှစ်မှာရုံတင်ပြသခဲ့တဲ့ G.I.Joe: The Rise of Cobra သိပ္ပံအက်ရှင်ဇာတ်လမ်းတွဲမှာ ဗီလိန် ဖိုက်တင်မင်းသားအဖြစ် ပါဝင်ခဲ့ပြီး သရုပ်ဆောင်ကောင်းလွန်းတာမို့ ပရိသတ်တွေ အားပေးခဲ့ကြပါတယ်။

play


၂၀၁၃ မှာ ထပ်မံရုံတင်ပြသခဲ့တဲ့ G.I.Joe: Retaliation မှာလည်း လီဗြောင်ဟွန်း ဆက်လက် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


၂၀၁၅ မှာတော့ မင်းသားကြီး အာနိုးလ် ရဲ့ Terminator Genisys ရုပ်ရှင်ဇာတ်ကားကြီးမှာ အရည်ပျော် စက်ရုပ်လူသားအဖြစ် သူ့ကို ပရိသတ်တွေ ထပ်မံတွေ့မြင်ခဲ့ရပြန်ပါတယ်။

play


သရုပ်ဆောင်ပါရမီ ထူးချွန်လွန်းသူမို့ အော်စကာဆုပေးပွဲနဲ့ အခြားဆုပေးပွဲများစွာကိုလည်း မကြာခဏ ဖိတ်ခေါ်ခြင်းခံရသလို ဟောလိဝုဒ် မင်းသားမင်းသမီးတွေ တော်တော်များများပါ သူ့ကို သဘောကျအားပေးကြပါတယ်။ 

play

 

လီဗြောင်ဟွန်းဟာ မင်းသမီးချော လီမင်ဂျောင်းကို ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ သားဦးလေးရရှိခဲ့ပါတယ်။ ကိုရီးယား ဖိုက်တာမင်းသား လီဗြောင်ဟွန်းကို ၁၉၇၀ ခုနှစ် သြဂုတ်လ ၁၃ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video