International Celebrity: ဂျီဂျီဟက်ဒီးအတွက် ကြက်သားကြော်နေတဲ့ ဇေးမောလစ်ခ်

ဂျီဂျီဟက်ဒီးကတော့ ဘက်စုံတော်တဲ့ ရည်းစားတစ်ယောက် ရထားတာပါပဲ။

play

 

စူပါမော်ဒယ် ဂျီဂျီဟက်ဒီးနဲ့ One Direction အဆိုတော်ဟောင်း ဇေးမောလစ်ခ်တို့ရဲ့ အချစ်ရေးဟာ နောက်တစ်ဆင့်တက်လှမ်းပြီး ဂျီဂျီက ဇေးရဲ့ အယ်လ်အေက အိမ်ကို ပြောင်းနေလိုက်တယ်လို့ သိရပါတယ်။

play

အခုလည်း ဂျီဂျီက ဇေး ချက်ပြုတ်နေပုံကို Snapchat ကနေ တင်လိုက်ပါတယ်။ ဇေးတစ်ယောက် ချစ်သူအတွက် ကြက်သားတွေ ကြော်နေတာကို မြင်တွေ့ရပါတယ်။

play

 

တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဆင်ထားတဲ့ ဇေးဟာ မီးဖိုပေါ်က အိုးကိုပဲ အာရုံစိုက်ပြီး သေချာချက်ပြုတ်နေပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ