ဟာဝိုင်အီမှာ သွားရောက်အနားယူနေတဲ့ ဂျက်စတင်ဘီဘာဟာ တစ်ည ဒေါ်လာတစ်သောင်းတန် အိမ်တစ်လုံးကို ငှားရမ်းပြီး နေထိုင်နေတာပါ။
ဒါပေမဲ့ ဂျက်စတင်ဘီဘာတစ်ယောက် စွန့်စားမှုတွေ ရှာဖွေဖို့ သူငယ်ချင်းတစ်ဦးနဲ့အတူ သြဂုတ်လ ၃ ရက်မှာ အပြင်ထွက်ခဲ့ပါတယ်။
ဂျေဘီဟာ သူငယ်ချင်းတစ်ဦးနဲ့အတူ ရေတံခွန်အောက်မှာ ငှက်ရုပ်ကြီးစီးနေပုံကို အင်စတာဂရမ်ကနေ မျှဝေခဲ့တာပါ။
ဂျေဘီဟာ သူ့ရဲ့ ဟာဝိုင်အီအပန်းဖြေခရီးစဉ်ကို စိတ်ရှိလက်ရှိ အနားယူနေတာဖြစ်ပြီး မိန်းကလေးတစ်အုပ် အပန်းဖြေရင်း လျှောက်သွားနေပုံတွေကိုလည်း အင်စတာဂရမ်မှာ တင်ခဲ့ပါသေးတယ်။
Source & Photos : Daily Mail