International Celebrity: ကာဒါရှီယန်နဲ့ ဟက်ဒီးညီအစ်မတွေရဲ့ ထူးခြားလှပမှုနောက်ကွယ်က ဖန်တီးရှင်

မိုနီကာရို့စ်ဟာ သူတို့ရဲ့ အဝတ်အစားတွေကို ရွေးချယ်ပေးရသူဖြစ်ပါတယ်။

play

 

အလှဖန်တီးရှင် မိုနီကာရို့စ်ဟာ ကာဒါရှီယန်ညီအစ်မတွေ၊ ဂျီဂျီဟက်ဒီး၊ ခရစ်ဆီတိုင်ဂန်၊ ချန်နယ်အီမန်နဲ့ တခြား နာမည်ကျော် မော်ဒယ်တွေအတွက် အဝတ်အစားတွေအတွက် တာဝန်ယူထားသူ ဖြစ်ပါတယ်။

play

 

သူမဟာ ဆယ်လီအများအပြား ဘယ်လိုဝတ်ဆင်ရမယ်ဆိုတာကို အကြံပေးတာ ဖြစ်ပါတယ်။

play

 

ကာဒါရှီယန်ညီအစ်မတွေနဲ့ ဂျန်နာညီအစ်မတွေကဟာ အခုတလော လယ်သာစကတ်တွေနဲ့ ဘောင်းဘီတိုတွေ ဝတ်ဆင်နေတာကို သတိထားမိမှာပါ။ ဒါဟာ တခြားဒီဇိုင်နာတွေနဲ့မတူဘဲ မိုနီကာရဲ့ စိတ်ကူးသစ်လည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် အဝတ်အစားနဲ့ လိုက်ဖက်ညီတဲ့ တွဲဖက်ဝတ်ဆင်ရတဲ့ ပစ္စည်းတွေကိုလည်း သူမပဲ ရွေးချယ်ပေးတာ ဖြစ်ပါတယ်။

play

 

ကတ္တီပါဝတ်စုံတွေကို ဆောင်းရာသီအတွက် ရွေးချယ်တတ်ကြပေမဲ့လည်း မိုနီကာက သူမရဲ့ ဆယ်လီမိန်းမချောလေးတွေအတွက် နွေရာသီဝတ်စုံအဖြစ် ဖန်တီးပေးလိုက်ပြန်ပါတယ်။

play

 

မိုနီကာရို့စ်ရဲ့ သူများနဲ့မတူတဲ့ စိတ်ကူးတွေနဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းတွေကြောင့် သူမဆင်ပေးလိုက်တဲ့ မိန်းမချောလေးတွေဟာ အမြဲတမ်း အလန်းစားလေးတွေ ဖြစ်နေရတာပါ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ