International Celebrity: အပြိုင်အဆိုင် လန်းနေကြတဲ့ ကာဒါရှီယန် သားအမိတတွေ

ခရစ္စဂျန်နာနဲ့ သမီး ၃ ယောက်ကို မြင်တွေ့ရပါတယ်။

play

 

အခုတလော ကိုင်လီဂျန်နာနဲ့ မွေးနေ့ပွဲ၊ မိတ်ကပ်သစ်မိတ်ဆက်ပွဲ၊ ခရစ္စဂျန်နာရဲ့ မိခင် မွေးနေ့ပွဲ စသဖြင့် ပွဲဆက်တွေများနေတဲ့ ကာဒါရှီယန်မိသားစုကို ဒီဇိုင်းအမျိုးမျိုးနဲ့ မြင်တွေ့ရပါတယ်။

play

 

အခုလည်း သူတို့သားအမိတတွေဟာ Keeping Up with The Kardiashian ရိုက်ကူးရင်း ဝူးလန်းဟေးစ်မှာ နေ့လယ်စာစားဖို့ ထွက်လာကြပါတယ်။

play

 

အငယ်ဆုံးဖြစ်ပေမဲ့ အထွားဆုံးလည်းဖြစ်တဲ့ ကလိုဝီကို လက်ရှည်ခါးရှည် အနက်ရောင် အင်္ကျီဖားဖားကြီးနဲ့ ကပိုကရိုလှနေတာ မြင်တွေ့ရပြီး အကြီးဆုံး ကော့တနီကတော့ အဖြူရောင်အထက်အောက်ဆင်တူနဲ့ အိနြေ္ဒရရ ကြည့်ကောင်းနေပါတယ်။

play

 

ဝိတ်ချလိုက်လို့ ပိုလှလာတဲ့ ကင်မ်က အဖြူလက်ရှည်အင်္ကျီကို ခဲရောင်နုနု စကတ်ကွဲနဲ့ တွဲဖက်ဝတ်လို့ ဆံပင်ဖြောင့်အတိုလေးနဲ့ တွေ့ရပါတယ်။

သူတို့ရဲ့မိခင်ကြီး ခရစ္စဂျန်နာကလည်း ရိုးရိုးယဉ်ယဉ်စတိုင်လေး လုပ်ထားပေမဲ့ လှနေတုန်းပါပဲ။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ