International Celebrity: ယာဉ်တိုက်မှုဖြစ်ပြီးနောက် ရိုးရွိုက်စ်ကားသစ်တစ်စီး ချက်ချင်းဝယ်လိုက်တဲ့ ခရစ္စဂျန်နာ

ပျက်စီးသွားတဲ့ကားကလည်း ရိုးရွိုက်စ်ကားပါပဲ။

play

 

အလှပဂေးတွေဖြစ်တဲ့ ကာဒါရှီယန်ညီအစ်မတွေနဲ့ ဂျန်နာညီအစ်မတွေရဲ့ မိခင် ခရစ္စဂျန်နာဟာ ယာဉ်တိုက်မှုဖြစ်ပွားလို့ ဝယ်ထားတာ တစ်ပတ်ပဲရှိသေးတဲ့ ရိုးရွိုက်စ်ကားသစ်ကြီး ပျက်စီးသွားပြီး နောက်တစ်နေ့မှာပဲ ဒေါ်လာ ၅ သိန်းတန် ရိုးရွိုက်စ်နောက်တစ်စီးကို လှမ်းမှာလိုက်ပါတယ်။

play
သမီး ၅ ဦးနဲ့အတူ တွေ့ရတဲ့ ခရစ္စဂျန်နာ

 

အသက် ၆၀ အရွယ် ခရစ္စဂျန်နာဟာ ယာဉ်တိုက်မှုကြောင့် လက်ကောက်ဝတ် ဒဏ်ရာရသွားခဲ့တာပဲ ဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၃ ရက်က ခရစ္စဂျန်နာရဲ့ အိမ်အနီးမှာ ပရီးယက်စ်ကားတစ်စီးက မီးနီကို ဖြတ်မောင်းလာပြီး ခရစ္စဂျန်နာမောင်းလာတဲ့ ကားကို ဘေးကနေ ဖြတ်တိုက်လိုက်တာဖြစ်ပါတယ်။

play

 

ခရစ္စဂျန်နာဟာ ကားကုမ္ပဏီကို ချက်ချင်းဖုန်းဆက်ပြီး ဒေါ်လာ ၅၄၄,၂၇၅ တန် ကားသစ်တစ်စီးကို မှာလိုက်ပါ။ ကယ်လီဖိုးနီးယားတောင်ပိုင်းမှာ လုံးဝမရှိခဲ့ဖူးတဲ့ အဲဒီရိုးရွိုက်စ်ကားကြီးဟာ ခရစ္စဂျန်နာရဲ့အိမ်ကို မှန်လုံသေတ္တာကြီးနဲ့ ရောက်ရှိလာတယ်လို့ TMZ သတင်းဌာနက ပြောပါတယ်။

Source & Photos : Music

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ