International Celebrity: အရုပ်လေးလိုလှတဲ့ ကိတ်မော့စ်ရဲ့ညီမ လော့တီမော့စ်

ကိတ်မော့စ်ထက်တောင် ပိုလန်းပါသေးတယ်။

play

 

မော်ဒယ် ကိတ်မော့စ်ရဲ့ အလှအပနဲ့ဆွဲဆောင်နိုင်စွမ်းက နာမည်ကြီးပါတယ်။ ကိတ်မော့စ်ရဲ့ညီမလေး လော့တီမော့စ်ကလည်း ခေသူတော့မဟုတ်ပါဘူး။ အစ်မခြေရာကို အမီလိုက်နိုင်မယ့်ပုံပါပဲ။

play

လော့တီမော့စ်ဟာ အရပ် ၅ ပေ ၅ လက်မရှိပြီး သွယ်လျတဲ့ပေါင်တံတွေနဲ့ မော်ဒယ်ပီသတဲ့ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသူပါ။ အသက်သွင်းထားတဲ့ အရုပ်မလေးအလား မှားသွားလောက်မယ့် ရုပ်ရည်ကြောင့်လည်း မော်ဒယ်လောကမှာ စတင်ခြေချနိုင်နေပါပြီ။

" ကျွန်မက ကျွန်မပဲ၊ ပြီးတော့ မော်ဒယ်လုပ်တာပဲဖြစ်ဖြစ် တခြားဟာပဲဖြစ်ဖြစ် ကျွန်မလုပ်ချင်တာကိုလုပ်တယ်။ ကျွန်မအစ်မရဲ့အောင်မြင်မှုက ကျွန်မရဲ့ရွေးချယ်မှုအပေါ် ဘယ်လိုမှသက်ရောက်မှာတော့မဟုတ်ဘူး။" လို့လည်း လော့တီက ပြောဖူးပါတယ်။

play

 

ဒီသီတင်းပတ်အတွင်း လော့တီကို မြင်ခဲ့ရတဲ့ပုံမှာတော့ သူမဟာ ကိတ်မော့စ်လိုပဲ မော်ဒယ်လောကမှာ ထွန်းထွန်းပေါက်ပေါက်ဖြစ်မယ်ဆိုတာ သေချာသွားပါတယ်။ အဖြူရောင်ကြိုးတစ်လုံးအင်္ကျီကို အတွင်းခံမပါဘဲဝတ်ဆင်ထားပုံက သူမကိုယ်သူမ ယုံကြည်မှုအပြည့်ရှိတဲ့အသွင်ပေါ်လွင်နေပါတယ်။ ခပ်ကျပ်ကျပ်ဂျင်းဘောင်းဘီရှည်ကို ဒေါက်မြင့်ဖိနပ်နဲ့တွဲဖက်လိုက်တဲ့အခါ လှပတဲ့ပေါင်တံသွယ်တွေကလည်း လော့တီရဲ့ကောက်ကြောင်းအလှကို ပီပီပြင်ပြင်ပြသရာရောက်နေခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ