International Celebrity: တိုင်ဂါကကိုင်လီကို ဒေါ်လာနှစ်သိန်းတန်မာစီးဒီးစ် မွေးနေ့လက်ဆောင်ပေး

play

 

ကိုင်လီဂျန်နာရဲ့ ၁၉ နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ် သူမရဲ့ချစ်သူ အဆိုတော်တိုင်ဂါပေးလိုက်တာကတော့ တန်ဖိုးကြီး မာစီးဒီးစ်ကားတစ်စီးပါ။ ဒေါ်လာ ၂၀၀၀၀၀ လောက် တန်ပါတယ်။

play

 

စနေနေ့က ကိုင်လီဂျန်နာရဲ့ လူမှုကွန်ရက်အကောင့်တွေမှာ သူမရဲ့မွေးနေ့လက်ဆောင်အကြောင်းကို တင်ထားပါတယ်။ ငှက်ပျောသီးလေးစားရင်း အေးအေးလူလူလမ်းလျှောက်လာတဲ့ ကိုင်လီက မာစီးဒီးစ်မော်ဒယ်သစ်ကြီးကို မြင်လိုက်ရချိန်မှာ ဝမ်းသာအားရဖြစ်သွားခဲ့ပုံကို တိုင်ဂါကဗီဒီယိုရိုက်ကူးထားခဲ့ပါတယ်။

play

 

Mercedes-Benz အမျိုးအစားထဲက ၂၀၁၆ ခုနှစ်ထုတ် Maybach တစ်စီးကို တိုင်ဂါက ကိုင်လီကိုလက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

play

 

မနှစ်တုန်းကလည်း ကိုင်လီ့အတွက် ဖရာရီကားတစ်စီး လက်ဆောင်ပေးခဲ့ပါသေးတယ်။  ကိုင်လီကတော့ သြဂုတ် ၁၀ ရက်နေ့မှ အသက် ၁၉ နှစ်ပြည့်မှာပါ။ ဆယ်လီမလေးကတော့ သူမကိုယ်တိုင်ဝယ်ထားတာရော တိုင်ဂါပေးထားတာရောဆိုရင် အကောင်းစားကားတွေ အတော်များများလည်း ပိုင်ဆိုင်ထားပြီးပါပြီ။

Source : Extra, Kylie Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ