International Celebrity: သားဖြစ်သူကို နောက်ပြောင်ကျီစယ်လိုက်တဲ့ ဂျက်စတင်ဘီဘာ့ဖခင်

ဂျက်စတင်ဘီဘာရဲ့ နာမည်ကြီးနေတဲ့ ဓာတ်ပုံကို ဟာသလုပ်လိုက်တာ ဖြစ်ပါတယ်။

play

 

ဂျက်စတင်ဘီဘာရဲ့ဖခင် ဂျာရမီဘီဘာဟာ တွစ်တာကနေ နောက်ပြောင်လိုက်တာ ဖြစ်ပါတယ်။

play

 

အသက် ၂၂ နှစ်အရွယ် ဂျေဘီဟာ ဟာဝိုင်အီမှာ အနားယူရင်း အဝတ်အစားမပါဘဲ ရိုက်ခဲ့တဲ့ ဓာတ်ပုံဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားပြီးတဲ့နောက် ဂျာရမီက တွစ်တာမှာ ဟာသလုပ်လိုက်တာ ဖြစ်ပါတယ်။

 

အသက် ၄၁ နှစ်အရွယ် ဂျာရမီက "My Boy" လို့ တွစ်တာမှာ ပြောရင်း ရှားစောင်းပင် emoji လေး ထည့်ထားပါတယ်။

play

 

နောက်ပိုင်းမှာတော့ အဲဒီပို့စ်ကို သူက ဖျက်ပစ်ခဲ့ပေမဲ့ သူ့ရဲ့မွေးရပ်မြေ တိုရွန်တိုက CN မျှော်စင်ပုံကို အင်စတာဂရမ်ကနေ မျှဝေပြီး ဂျက်စတင်ကို Tag ထားတဲ့အတွက် အဲဒါဟာ သူ့သားရဲ့ကိုယ်လုံးတီးပုံကို ရည်ညွှန်းခြင်းဖြစ်မယ်လို့ ပရိသတ်တွေက ယူဆကြပါတယ်။

play

 

ဂျရမီဟာ အဲဒီမျှော်စင်ကြီးနဲ့ဘေးမှာ ရပ်နေတဲ့ သူ့ဓာတ်ပုံကိုလည်း ထပ်တင်ခဲ့ပြီး  Justin ကို ထပ် Tag ထားပြန်ပါသေးတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ