International Celebrity: အမျိုးသမီးတွေ အပေါ်ပိုင်းဗလာနေခွင့်ရဖို့ လှုံ့ဆော်သူမဟုတ်ဘူးဆိုတဲ့ ကင်မ်ကာဒါရှီယန်

, updated

သူမဟာ ဘာတံဆိပ်တပ်တာမှ မကြိုက်ဘူးလို့ ဆိုပါတယ်။

play

 

ကင်မ်ကာဒါရှီယန်က သူမကို ဘာတံဆိပ်မှ တပ်တာမကြိုက်တဲ့အပြင် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ အဖြစ်တောင် အပြောမခံချင်ပါဘူး။

ကင်မ်ကာဒါရှီယန်က သူမဟာ အမျိုးသမီးတွေ အပေါ်ပိုင်းဗလာနေခွင့်ရဖို့ လှုံ့ဆော်သူ မဟုတ်ဘူးဆိုတဲ့အကြောင်းကို ပွဲတစ်ခုမှာ ရှင်းပြသွားခဲ့တာ ဖြစ်ပါတယ်။

play

"ကျွန်မက တံဆိပ်တွေ တပ်တာ မကြိုက်ဘူး။ ကျွန်မ ပျော်လို့ ကျွန်မလုပ်တယ်လို့ပဲ တွေးတယ်။ ပြီးတော့ ကျွန်မက အမျိုးသမီးတွေကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေချင်တယ်။ အမျိုးသမီးတွေကို အားပေးတယ်" လို့ ကင်မ်က ပြောခဲ့ပါတယ်။

ဆိုရှယ်မီဒီယာမှာ ကိုယ်လုံးတီးပုံတွေ တင်နေကျဖြစ်တဲ့ ကင်မ်က အခုလို ပြောလိုက်တဲ့အတွက် သူမရဲ့ ပရိသတ် သန်းပေါင်းများစွာတို့က အံ့သြကုန်နိုင်ပါတယ်။

play

သူမဟာ တွစ်တာ၊ အင်စတာဂရမ်နဲ့ Snapchat မှာ ဘာကြောင့် ကိုယ်လုံးတီးပုံတွေ တင်ရသလဲဆိုတဲ့ မေးခွန်းကိုတော့..

"ကျွန်မကိုယ်ကျွန်မ သဘောကျလို့ပေါ့။ ကလေးမွေးပြီးတဲ့နောက်.. အုခ ကလေးနှစ်ယောက် မွေးပြီးနဲ့နောက် ကျွန်မ ပေါင် ၇၀ တောင် ကျခဲ့တာ" လို့ သူမက ဆိုပါတယ်။

play

 

ကင်မ်ဟာ အဖြူရောင်ဆွယ်တာ၊ အဖြူရောင်စကတ်လေးနဲ့ တကယ်လည်း ပိန်သွယ်နေတာကို မြင်တွေ့ရပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ