International Celebrity: အွန်လိုင်းပေါ်ကလှောင်ပြောင်မှုတွေအပေါ် ဂျီဂျီဟက်ဒီးရဲ့တုံ့ပြန်စကား

သူမရဲ့စံပြပုဂ္ဂိုလ်တွေကိုလည်း ပြောပြသွားပါတယ်။

play

 

ELLE မဂ္ဂဇင်းရဲ့ စက်တင်ဘာလထုတ်မှာ ပါဝင်လာမယ့် ဂျီဂျီဟက်ဒီးနဲ့ အမေးအဖြေကဏ္ဍမှာတော့ သူမရဲ့ စံပြပုဂ္ဂိုလ်တွေနဲ့ အွန်လိုင်းပေါ်က ဝေဖန်ကဲ့ရဲ့မှုတွေအပေါ် ခံစားချက်တွေကို ဂျီဂျီက ပွင့်ပွင့်လင်းလင်းပဲ ပြောသွားပါတယ်။

play

" စင်ဒီကရော့ဖို့ဒ်၊ ကလော်ဒီယာရှစ်ဖာနဲ့ နာအိုမီကမ့်ဘဲတို့ခေတ်မှာ သူတို့ထက် ပိုပြီးသာလွန်ကောင်းမွန်အောင် ဘယ်သူမှမလုပ်နိုင်ဘူး" လို့ သူမရဲ့စံပြမော်ဒယ်တွေကို ချီးကျူးစကားဆိုပါတယ်။ ကန်ဒဲလ်ဂျန်နာ၊ ကာရာဒီလီဗင်းနဲ့ ကာလီကလော့စ်တို့နဲ့လည်း ရင်းရင်းနှီးနှီးရှိတဲ့ ဂျီဂျီက သူမတို့ခေတ်မှာ မော်ဒယ်လောကကို လွှမ်းမိုးနိုင်ဖို့ ကြိုးစားနေကြသူတွေရယ်လို့လည်း သူမတို့ရဲ့အားထုတ်မှုကို ပြောကြားပါတယ်။

play

 

လူမှုကွန်ရက်တွေပေါ်ကနေ သူမကိုရဲ့ကိုယ်ခန္ဓာနဲ့ရုပ်ရည်ကို အမျိုးမျိုးပုတ်ခတ်လှောင်ပြောင်နေကြပေမယ့် သူမအတွက်တော့ ဘယ်လိုမှအကျိုးသက်ရောက်မှုမဖြစ်စေဘူးလို့ စူပါမော်ဒယ်လေးကတုန့်ပြန်စကားဆိုပါတယ်။

Source : ELLE

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ