International Celebrity: ခွေးအခွင့်အရေးပိတ်ပင်တယ်လို့ ကာရာဒယ်လဗင်း စွပ်စွဲခံရ

သူမရဲ့ခွေးလေး မဟောင်စေဖို့ ငရုတ်ကောင်းစပရေးလည်ပတ် ပတ်ပေးထားလို့ပါ။

play

 

စူပါမော်ဒယ် ကာရာဒယ်လဗင်းက သူမရဲ့ခွေးလေးကို မဟောင်စေတဲ့လည်ပတ် ပတ်ပေးထားတာနဲ့ ပတ်သက်ပြီး တိရစ္ဆာန်ချစ်သူများက မနှစ်မြို့နိုင် ဖြစ်နေကြပါတယ်။

play

 

ငရုတ်ကောင်စပရေးလည်ပတ်လို့ လူသိများတဲ့ အဲဒီကိရိယာကို သူမရဲ့ခွေးလေး လီယိုရဲ့ လည်ပင်းမှာ မြင်တွေ့နိုင်ပါတယ်။

အဲဒီခွေးလေးဟာ ကာရာဒယ်လဗင်းနဲ့အတူ သူမရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ Suicide Squad အထူးပွဲတွေကို အတူတက်ရောက်ခဲ့သူပါ။

play

အဲဒီကိရိယာက သတ်မှတ်ထားတဲ့ အသံအကျယ်ကို ရောက်တဲ့အခါ ဆိုးရွားတဲ့ အဆီတစ်မျိုးကို အလိုအလျောက် ဖြန်းပက်ပေးပါတယ်။

"ခွေးတွေမှာ ဘယ်လို အပြုအမူပဲရှိရှိ နည်းပညာကိရိယာတွေကို အသုံးပြုဖို့ Dog Trust က မထောက်ခံပါဘူး" လို့ Dog Trust အဖွဲ့ရဲ့ လေ့ကျင့်ရေးနဲ့ အပြုအမူ မန်နေဂျာ လင်းဘာဘာက ဆိုပါတယ်။

play

 

လီယိုဆိုတဲ့ ခွေးလေးဟာ မော်ဒယ်မင်းသမီး ကာရာဒယ်လဗင်းနဲ့အတူ Paris Fashion Week ကို ရောက်လာသေးတဲ့အတွက် လူတွေအားလုံး သူ့ကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြပါသေးတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ