International Celebrity: ဂျက်စတင်ဘီဘာကြောင့် သူမအလုပ်ထိခိုက်ခဲ့တယ်ဆိုတဲ့ ဆယ်လီနာဂိုးမက်စ်

Vogue Australia အတွက် မျက်နှာဖုံးဓာတ်ပုံရိုက်ရင်း ပြောခဲ့တာပါ။

play

 

သူမနဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ ကွဲလိုက်ဆက်လိုက် ဇာတ်လ်းက သူမရဲ့ အလုပ်ကို လွှမ်းမိုးခဲ့တယ်လို့ ဆယ်လီနာက ဆိုခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် အဆိုတော် မင်းသမီးလေးဟာ Vogue Australia မဂ္ဂဇင်းအတွက် မျက်နှာဖုံး ဓာတ်ပုံ ရိုက်ပေးရင်း သူမရဲ့ ကိုယ်ရေးကိုယ်တာကိစ္စက လူပြောအများဆုံး ဖြစ်နေတဲ့အတွက် အနုပညာလောကမှာ အောင်မြင်ဖို့ ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။

play

 

"အလုံးစုံ ဘယ်သူမှ တကယ်မသိပါဘူး။ သူတို့တွေ ထင်ရာမြင်ရာပြောနေကြတာပဲ ရှိတယ်။ ကိုယ်လိုချင်တာ လုပ်လိုပေမဲ့ တခြားကိစ္စတစ်ခုက ကိုယ်လုပ်မယ့်အလုပ်ကို လွှမ်းမိုးလာတဲ့အခါ ကျွန်မအပေါ် လူတွေ အလေးအနက်ထားဖို့ လုပ်ရတာ ပိုခက်ခဲတယ်" လို့ သူမက ဆိုပါတယ်။

ဒါပေမဲ့ ဂျက်စတင်ဘီဘာနဲ့ ၂၀၁၁ ကနေ ၂၀၁၅ အတွင်း ပြတ်လိုက် ဆက်လိုက်နဲ့ ခက်ခဲကြမ်းတမ်းတဲ့ အချစ်ရေး ရှိနေခဲ့ပေမဲ့ အခုတော့ ကိုယ်ရေးကိုယ်တာထက် အလုပ်ကို ပိုအာရုံထားနေပြီလို့ ဆယ်လီနာက ပြောခဲ့ပါတယ်။

Source & Photos : news.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ