International Celebrity: ကိုယ်ပိုင်ဂိမ်းကနေ အမြတ်ငွေ ၄၃ သန်းရလိုက်တဲ့ ကင်မ်ကာဒါရှီယန်

ကျွန်းတစ်ကျွန်းဝယ်ဖို့တောင် စဉ်းစားနေပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ် ကင်မ်ကာဒါရှီယန်ဟာ လူပုဂ္ဂိုလ်ကို အခြေခံပြုလုပ်တဲ့ ဂိမ်းတွေ အားလုံးထဲမှာ အမြတ်ငွေအများဆုံးရတဲ့သူဖြစ်ကြောင်း Snapchat ကနေ ကြေညာလိုက်ပါတယ်။

play

 

အောင်မြင်လှတဲ့  Kim Kardashian Hollywood ဂိမ်းကို ဖန်တီးခဲ့တဲ့ မိုဘိုင်းဂိမ်းကုမ္ပဏီ Glu  ရဲ့ စီအီးအိုနဲ့ တွေ့ဆုံတဲ့ ဗီဒီယိုတွေကိုလည်း ကင်မ်က Snapchat ကနေ မျှဝေခဲ့ပါတယ်။

play

 

" Kim Kardashian Hollywood အတွက် အစည်းအဝေးပွဲကို ရောက်နေတယ်။ အမြတ်ငွေကို စစ်ဆေးနေကြတယ်" လို့ သူမက ပြောထားပါတယ်။

play

 

ကင်မ်ဟာ အဲဒီအစည်းအဝေးကို ရွှေရောင်ဝတ်စုံ၊ ကိုယ်လုံးလှခါးပတ်ပြားကြီးပတ်လို့ ရောက်ရှိသွားခဲ့ပါတယ်။

အမြတ်ငွေနဲ့ သူမဟာ ကျွန်းတစ်ကျွန်းဝယ်နိုင်မယ်ထင်တယ်လို့လည်း အဲဒီအစည်းအဝေးမှာ သူမဟာ ပြောခဲ့ပါတယ်။

play

 

အဲဒီဂိမ်းကနေ ခန့်မှန်းခြေ ဒေါ်လာ ၄၃ သန်း ဝင်ငွေရနေပြီးဖြစ်တဲ့အတွက် အဲဒီလောက်ငွေနဲ့ဆိုရင် ဝယ်နိုင်တဲ့ ကျွန်းတွေ အများကြီးရှိပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ