International Celebrity: အီမလီဘလန့်ဆီက ဝယ်လိုက်တဲ့အိမ်အတွက် ဒေါ်လာ ၂.၅ သန်း စရံငွေပေးလိုက်တဲ့ ကန်ဒဲလ်ဂျန်နာ

စုစုပေါင်းတန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းနီးပါး ရှိပါတယ်။

play

 

ကန်ဒဲလ်ဂျန်နာဟာ ဇွန်လက ဝယ်လိုက်တဲ့ ဒေါ်လာ ၆.၅ သန်းတန် အနောက် ဟောလိဝုဒ်က အိမ်သစ်ကြီးကို ပြန်လည်ပြုပြင်ရင်း အလုပ်များနေပါတယ်။

play

 

ပြုပြင်မှုအတွက် ငွေကုန်ကြေးကျများနေပေမဲ့ အိမ်ပိုင်ရှင်တွေဖြစ်တဲ့ ဂျွန်ကရက်စင်စကီနဲ့ အမ်မလီဘလန့်တို့ဆီက ဝယ်လိုက်တဲ့ အိမ်အတွက် စရံငွေ ဒေါ်လာ ၂.၅ သန်းကို ပေးချေလိုက်ပါတယ်။

play

 

ကန်ဒဲလ်ဂျန်နာ အမည်ခံ ရန်ပုံငွေအဖွဲ့တစ်ဖွဲ့ရှိပြီး အဲဒီအဖွဲ့က နောက်ထပ်ပေးချေရမယ့် ဒေါ်လာ ၄ သန်းကို နှစ် ၃၀ ချေးငွေချပေးမယ်လို့လည်း သိရပါတယ်။

play

 

ဒေါ်လာ ၁၀ သန်း ချမ်းသာတဲ့ စူပါမော်ဒယ် ကန်ဒဲလ်ဂျန်နာဟာ The Huntsman Winter မင်းသမီး အမ်မလီဘလန့်တို့ စုံတွဲဆီကနေ အဲဒီအိမ်ကြီးကို ဝယ်ယူဖို့ ဇွန်လကတည်းက စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ