International Celebrity: ဖက်ရှင်မဂ္ဂဇင်းပေါ်က ဒေါ်နယ်ထရန့်ရဲ့သမီး

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

play

 

အမေရိကန်သမ္မတဖြစ်လာရေး ကြိုးစားနေတဲ့ ဒေါ်နယ်ထရန့်ရဲ့ သမီးဖြစ်သူ အိုင်ဗန်ကာထရန့်ကို Harper's Bazaar မဂ္ဂဇင်းက စက်တင်ဘာလထုတ်စာအုပ်မှာ ဖော်ပြဖို့ ရွေးချယ်လိုက်ပါတယ်။

play

 

ကလေးသုံးဦးမိခင် အသက် ၃၄ နှစ်အရွယ် အိုင်ဗန်ကာဟာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သာယာတဲ့အိမ်ထောင်ရေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဖခင်ဖြစ်သူရဲ့ကုမ္ပဏီမှာ ဒုက္ကဋ္ဌအဖြစ်နဲ့ လုပ်ဆောင်နေတဲ့သူမမှာ ကိုယ်ပိုင်ဖက်ရှင်အမြင်တွေရှိတာကြောင့် တကယ့်ကိုစမတ်ကျတဲ့စီးပွားရေးလုပ်ငန်းရှင်လို့လည်း ဆိုရမှာပါ။

play

 

သူမက အမျိုးသမီးတွေနဲ့ အမျိုးသမီးရေးရာကိစ္စတွေအပြင် ကလေးတွေကို အားပေးထောက်ခံသူတစ်ဦးဖြစ်တာကြောင့် ဒေါ်နယ်ထရန့်သာ သမ္မတဖြစ်လာရင် အဲ့ဒီကိစ္စရေးရာတွေမှာ လှုပ်ရှားချင်တယ်လို့ အိုင်ဗန်ကာက ပြောပါတယ်။ အိမ်ဖြူတော်ရဲ့အခန်းကဏ္ဍတစ်ရပ်မှာ ပါဝင်ခွင့်ရဖို့အတွက်လည်း သူမက မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ တရားဝင်လှုပ်ရှားမှုတော့ မရှိသေးပါဘူး။

Source : Bazaar, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ