International Celebrity: အမျိုးသမီးများလည်း ကြွက်သားများနှင့် လှနိုင်ကြောင်း ဓာတ်ပုံများဖြင့် သက်သေပြသည့် ရုပ်သံတင်ဆက်သူ

လက်တင်အမေရိက အလှမယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ အလှမယ်ဟောင်းလည်း ဖြစ်ပါတယ်။

play

 

ခန္ဓာကိုယ်မှာ ကျန်းမာသန်စွမ်းကြောင်း သက်သေပြနေတဲ့ ကြွက်သားတွေဟာ အမျိုးသမီးတွေဆီမှာလည်း ရှိသင့်ကြောင်းကို အားကစားအစီအစဉ်တင်ဆက်သူလည်းဖြစ်၊ အလှမယ်ပြိုင်ပွဲဝင်ဟောင်းလည်းဖြစ်တဲ့ ရေဘက္ကာရူဘီယိုက သက်သေပြလိုက်ပါတယ်။

play

 

မက္ကဆီကိုသူဖြစ်တဲ့ ရူဘီယိုဟာ ၁၉၉၆ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ လက်တင်အမေရိက အလှမယ်ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူပါ။ အခုတော့ မက္ကဆီကိုတီဗီအစီအစဉ်တွေမှာ အားကစားအစီအစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်နေတဲ့ နာမည်ကျော်တစ်ဦးဖြစ်ပါတယ်။ 

play

 

အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်မှာ ကြွက်သားရှိတာ ဘယ်လိုမှ မလိုက်ဖက်ကြောင်း မှတ်ချက်အချို့ကို လူမှုကွန်ယက်မှာ မြင်တွေ့ခဲ့ရပြီးတဲ့နောက် ရူဘီယိုက သူမရဲ့ခန္ဓာကိုယ်က ကြွက်သားတွေနဲ့ သူမရဲ့ခန္ဓာကိုယ်အလှကို ဓာတ်ပုံရိုက်ပြီး တင်ခဲ့တာဖြစ်ပါတယ်။

play

 

သူမရဲ့ ဓာတ်ပုံကို အင်စတာဂရမ်မှာ တွစ်တာတွေမှာ တင်ခဲ့ပြီးနောက် ကြိုက်နှစ်သက်သူ အများအပြား ရှိခဲ့ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အလှကို လူမှုကွန်ယက် အသုံးပြုသူတွေက ချီးကျူးမှတ်ချက်ပြုခဲ့ကြတာ တွေ့ရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ