International Celebrity: ကားမောင်းရင်း ဖိုက်နေဦးမယ့် ဗင်ဒီဆယ်

ရုံတင်ပြသခဲ့သမျှ Fast & Furious ဇာတ်ကား ၇ ကားလုံးမှာ ဗင်ဒီဆယ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


Fast & Furious မင်းသားကြီး ဗင်ဒီဆယ်ဟာ ကယ်လီဖိုးနီးယားမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး နာမည်အရင်းကတော့ Mark Sinclair ဖြစ်ပါတယ်။ အမြွှာညီအစ်ကိုရှိတဲ့ သူဟာ အနုပညာလောကထဲကို ၁၉၉၀ ပြည့်နှစ်က စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

play


၂၀၀၁ ခုနှစ်မှာတော့ သေဆုံးသွားပြီဖြစ်တဲ့ မင်းသား ပေါလ်ဝေါ်ကာနဲ့အတူ The Fast  and the Furious ကား အက်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီ့ဇာတ်ကားကနေ စတင်ကာ အောင်မြင်မှုတွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play


ဗင်ဒီဆယ်ဟာ ၂၀၀၂ ခုနှစ်မှာတော့ xXx ရုပ်ရှင်ဇာတ်ကားနဲ့ထပ်မံလူသိများ အောင်မြင်လာခဲ့ပြီး အက်ရှင်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လွန်းလှတဲ့မင်းသားအဖြစ် ပရိသတ်တွေရဲ့အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။

play


နောက်ပိုင်းမှာလည်း ရုံတင်ပြသခဲ့သမျှ Fast & Furious ဇာတ်ကား ၇ ကားအနက် Fast & Furious 2 မှလွဲပြီး အားလုံးမှာ သူ ပါဝင်သရုပ်ဆောင်ခဲ့ကာ The Chronicles of Riddick ရုပ်ရှင်ဇာတ်ကားတွေနဲ့လည်း သူ့ကို လူသိများခဲ့ပါတယ်။

play


၂၀၁၄ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Marvel ရဲ့ Guardians of the Galaxy စူပါဟီးရိုးကားထဲမှာတော့ သစ်ပင်လူသား Groot အဖြစ် အသံဖြင့် သရုပ်ဆောင်ခဲ့ပါတယ်။

play


ဗင်ဒီဆယ်ဟာ လာမယ့် ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသမယ့် Fast 8, xXx: The Return of Xander Cage နဲ့ Guardian of the Galaxy Vol.2 ရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဦးမယ်လို့ သိရပါတယ်။

play


မက္ကဆီကန်မော်ဒယ်ချော ပလိုမာနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့  ဗင်ဒီဆယ်ဟာ အခုဆိုရင် သားသမိး ၃ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူဆိုလည်း မမှားပါဘူး။ ဖိုက်တာမင်းသား ဗင်ဒီဆယ်ကို ၁၉၆၇ ခုနှစ် ဇူလိုင် ၁၈ ရက်မှာ မွေးဖွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ