International Celebrity: အင်စတာဂရမ်ပေါ်ရောက်လာတဲ့ တွမ်ဟစ်ဒယ်လ်စတန်

နတ်ဆိုးကြီးက အင်စတာဂရမ်ပေါ်မှာ ဘာတွေလုပ်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။

play

 

လူမှုကွန်ရက်တွေကို လွှမ်းမိုးထားနိုင်တဲ့ တေလာဆွစ်ရဲ့ချစ်သူပီပီ တွမ်ဟစ်ဒယ်လ်စတန်ကလည်း အင်စတာဂရမ်ကို စသုံးလိုက်ပါပြီ။

သြဂုတ် ၉ ရက်နေ့က တွမ်ရဲ့ အင်စတာဂရမ်မှာ ပုံတစ်ပုံကို စပြီးတင်လိုက်ပါတယ်။ သည်းသည်းလှုပ်ချစ်နေတဲ့ တေလာဆွစ်နဲ့တော့ မဟုတ်ပါဘူး။ သူ့ရဲ့နာမည်ကျော်ဇာတ်ကောင် Loki ဝတ်စုံပြည့်နဲ့ပုံကို တင်လိုက်တာပါ။

play
တွမ်ဟစ်ဒယ်လ်စတန်ရဲ့ အင်စတာဂရမ်အကောင့်က twhiddleston ဖြစ်ပါတယ်။

 

တွမ်ဟာ လတ်တလောမှာ Thor : Rangnarok ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ရိုက်ကွင်းမှာ ဝတ်စုံပြည့်ဝတ်ထားပြီး ဆံပင်ရှည်ရှည်နဲ့ နတ်ဆိုးက အင်စတာဂရမ်မှာတော့ မျက်လုံးတစ်ဖက်မှိတ်ကာ လက်လေးထောင်ပြီး ပြောင်ပြခဲ့ပါတယ်။

play

Source : Buzzfeed

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ