International Celebrity: ဆံပင်အနီရောင်ဆိုးပြီး မွေးနေ့အတွက် ပြင်ဆင်နေတဲ့ ကိုင်လီဂျန်နာ

ကိုင်လီဟာ သြဂုတ်လ ၁၀ ရက်ဆိုရင် အသက် ၁၉ နှစ် ပြည့်ပါပြီ။

play

 

ကိုင်လီဟာ သြဂုတ်လ ၁၀ ရက်မှာ ကျရောက်မယ့် မွေးနေ့အတွက် ၉ ရက်နေ့မှာ အဆင်သင့်ပြင်နေပါပြီ။

ကိုင်လီဟာ မွေးနေ့အတွက် ဆံပင်ကို အနီရဲရဲဆိုးလိုက်တဲ့အပြင် ကျစ်ဆံမြီးတွေ ကျစ်လို့ ဇူလိုင်လ ၉ ရက်မှာ Snapchat ကနေ မျှဝေခဲ့ပါတယ်။

play

 

"Fire red for 19" လို့ ဗီဒီယိုရဲ့ဖရိန်မျာ ရေးထားပါတယ်။ မွေးနေ့မတိုင်မီ တစ်ရက်အလိုကတည်းက ပန်းစည်းတွေလည်း ကြိုရောက်နေပါပြီ။

မွေးနေ့မတိုင်ခင် တစ်ပတ်ကျော်အလိုကတည်းက မွေးနေ့အတွက် တက်ကြွနေတဲ့ ပိတုန်းရောင်ကေသာပိုင်ရှင်လေး ကိုင်လီဟာ မွေးနေ့အတွက် ရည်ရွယ်ပြီး အနီရောင်ကို ခဏပဲ ပြောင်းလိုက်တာ ဖြစ်ပုံရပါတယ်။

play

 

ဆံပင်အရောင်က တကယ့်ကို အမိုက်စားဖြစ်ပေမဲ့ ကိုင်လီရဲ့ ပရိသတ်တွေအတွက်တော့ သိပ်ပြီး အံ့သြစရာ မကောာင်းပါဘူး။ ကိုင်လီ့မှာ အစိမ်းရောင်ကအစ အပြာရောင်အထိ ဆံပင်တုတွေ ရောင်စုံဒီဇိုင်းစုံ ရှိနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ