International Celebrity: ကိုင်လီရဲ့ချစ်သူ အဆိုတော်တိုင်ဂါ အကြွေးမပေးလို့ထောင်ကျကိန်းရှိနေ

ချစ်သူအတွက် သိန်းနှစ်ထောင်တန်ကား လက်ဆောင်ပေးပေမဲ့ ကိုယ်တိုင်ကတော့ အကြွေးရှောင်နေရပါတယ်။

play

 

သိပ်မကြာသေးခင်ကမှ ကိုင်လီဂျန်နာအတွက် မွေးနေ့လက်ဆောင် မာစီးဒီးစ်မော်ဒယ်သစ်တစ်စီး လက်ဆောင်ပေးခဲ့တဲ့ ရပ်ပ်ပါတိုင်ဂါကတော့ ရဲတွေကို ရှောင်တိမ်းနေရပါပြီ။ ပေးစရာရှိတဲ့ငွေတွေကို မပေးဘဲထားတဲ့ တိုင်ဂါကို ရဲတွေကဖမ်းဖို့အမိန့်ထုတ်လိုက်လို့ဖြစ်ပါတယ်။

play

မာလီဘူးမှာငှားရမ်းနေထိုင်ခဲ့တဲ့အိမ်အတွက် ငွေမပေးတာကြောင့် အိမ်ရှင်က တိုင်ဂါကို တရားရုံးမှာတိုင်ကြားခဲ့တာပါ။ ဒေါ်လာ ၄၈၀,၀၀၀ ရလိုမှုနဲ့ အိမ်ရှင်က တိုင်ဂါကို ရုံးမှာလျှောက်ထားခဲ့တာဖြစ်ပါတယ်။ တိုင်ဂါဟာ ကြွေးပတ်လည်ဝိုင်းနေချိန်မှာပဲ တစ်လကို ဒေါ်လာ ၄၆၀၀၀ ပေးရတဲ့ အိမ်ကြီးမှာ နေထိုင်ခဲ့ပြီး အိမ်လခပေးဖို့ကိုလည်း ပျက်ကွက်ခဲ့တာပါ။

play

 

အင်္ဂါနေ့မှာ ရုံးတော်ကိုလာရောက်စစ်ဆေးခံဖို့ တရားရုံးက ဆင့်ခေါ်ခဲ့ပေမဲ့ လာရောက်ဖို့ပျက်ကွက်ခဲ့တဲ့ တိုင်ဂါကို ရဲတွေက ဖမ်းဆီးဖို့ရှာဖွေနေကြတယ်လို့ သိရပါတယ်။ ပေးစရာငွေမပေးတဲ့အပြင် ရုံးတော်ကိုပါ မထီမဲ့မြင်လုပ်တဲ့တိုင်ဂါကတော့ ရှင်းစရာရှိတာမရှင်းပေးရင် ထောင်ကျရတော့မယ့်သဘောပါပဲ။

play
ကိုင်လီကို လက်ဆောင်ပေးခဲ့တဲ့ ဒေါ်လာနှစ်သိန်းတန် မာစီးဒီးစ်

Source : TMZ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ