International Celebrity: ဗစ်တိုးရီးယားဘက်ခမ်းရဲ့အားပေးမှုကို ရရှိတဲ့အတွက် ကျေနပ်နေတဲ့ ကလိုဝီမိုရက်စ်

ကလိုဝီမိုရက်စ်ဟာ ဗစ်တိုးရီးယားရဲ့အကြီးဆုံးသားနဲ့ ချစ်သူတွေဖြစ်နေတာ အားလုံးအသိပါပဲ။

play

 

ဟောလိဝုဒ်မင်းသမီးဟာ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ အကြီးဆုံးသားနဲ့ ချစ်သူတွေဖြစ်နေကြပြီး ဗစ်တိုးရီးယားကလည်း သူတို့ကို လက်ခံသဘောတူထားပါတယ်။

play

 

ဒါ့အပြင် အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းဘက်ခမ်းရဲ့ချစ်သူ အသက် ၁၉ နှစ်အရွယ် မင်းသမီးလေးဟာ ဇွန်လက ဆိုရှယ်မီဒီယာမှာ ထိုးနှက်ခံရစဉ်က ဗစ်တိုးရီးယားရဲ့ အားပေးမှုကိုပါ ရရှိခဲ့ပါသေးတယ်။

play

 

"ငါတို့တွေက ကိစ္စပေါင်း ၁၀၀ တွေ့ကြုံရသလို လူတွေကလည်း နည်းပေါင်း ၁၀၀ နဲ့ ထိုးနှက်တိုက်ခိုက်နေမှာပဲ။ ဘာပဲဖြစ်ဖြစ် ခေါင်းကို မော့ထားတာပါ။ မင်းဟာ မင်းနည်းမင်းဟန်နဲ့ လှပနေသူပါ။ သူတို့တွေက မပျော်ရွှင်နိုင်တဲ့လူတွေသာဖြစ်တယ်" လို့ ဗစ်တိုးရီးယားက ရေးသားခဲ့တာ ဖြစ်ပါတယ်။

play

 

ဗစ်တိုးရီးယားရဲ့ အားပေးမှုက သူမအတွက် အများကြီး အဓိပ္ပာယ်ရှိတယ်လို့ ကလိုဝီမိုရက်စ်က ဝန်ခံလိုက်ပါတယ်။

သူတို့စုံတွဲဟာ သူတို့နဲ့ ပတ်သက်တဲ့ ကောလာဟလတွေကြားတိုင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်မိကြတယ်လို့လည်း သူမက ဆိုခဲ့ပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ