International Celebrity: သားဖြစ်သူရဲ့ ချို့ယွင်းချက်ကို ဟာသလုပ်လိုက်တဲ့ ကေတီပရိုက်စ်

မော်ဒယ် ကေတီပရိုက်စ်ဟာ စကားကို အလွှတ်မဲ့ပြောတတ်သူပါ။

play

 

ကေတီပရိုက်စ်ဟာ ညဘက်အပြင်ထွက်လည်စဉ်မှာ မသန်စွမ်းတဲ့ သားဖြစ်သူကို သရော်စကားဆိုခဲ့တဲ့အတွက် ကြားရသူတွေ ဒေါသထွက်ခဲ့ကြပါတယ်။

play

 

နာမည်ကြီး ရီဆော့တစ်ဖြစ်တဲ့ Santa Ponsa က  McTavishes ဘားမှာ သူမဟာ အော်ကြီးဟစ်ကျယ်နဲ့ သူမရဲ့ ၁၄ နှစ်အရွယ် သားရဲ့ ချို့ယွင်းချက်ကို ဘာမဆိုင်ညာမဆိုင် ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

play
ကေတီပရိုက်စ်ရဲ့သား ဟာဗေးမှာ မျက်စိမမြင်ခြင်း၊ အထီးကျန်စိတ်ဝေဒနာနဲ့ အာရုံမစူးစိုက်နိုင်ခြင်းစတဲ့ရောဂါတို့ အပါအဝင် ချို့ယွင်းချက်အတော်များများ ရှိသူပါ။

 

ကာရာအိုကေသီချင်းဆိုဖို့ စောင့်နေတဲ့ ကေတီက လူအုပ်ကြီးကို "ကျွန်မက ကျွန်မသားလို ကန်းနေတာ မဟုတ်ဘူး" လို့ ပြောခဲ့တာပါ။

ဒါပေမဲ့ အဲဒီလို မဆင်မခြင်ပြောပြီးနောက်မှာတော့ ကေတီဟာ ထူးထူးခြားခြား တိတ်ဆိတ်သွားခဲ့ပါတယ်။

play

 

သူမစိတ်ထဲရှိရာကို ထုတ်ပြောဖို့ ဘယ်တော့မှ တုံ့နှေးသူမဟုတ်တဲ့ ကေတီပရိုက်စ်ဟာ အရင်ကလည်း အဲဒီလို မဆင်မခြင်ပြောဆိုတတ်တဲ့ ရာဇဝင်တွေရှိကာ သူမရဲ့ခင်ပွန်း ဖောက်ပြန်တာကိုလည်း တွစ်တာကနေ ပြောဆိုခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အခုထိ အိမ်ထောင်ရေးကို ထိန်းသိမ်းထားနိုင်ဆဲပါပဲ။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ