International Celebrity: မီဂန်ဖောက်စ် တတိယမြောက်ရင်သွေးလေး မွေးဖွား

ကွာရှင်းဖို့ရည်ရွယ်ထားကြရင်း ကိုယ်ဝန်ရသွားတော့ ပြန်လည်ပေါင်းစည်းဖြစ်သွားကာ အဆင်ပြေနေကြပါတယ်။

play

 

အမေရိကန်မော်ဒယ် သရုပ်ဆောင် မီဂန်ဖောက်စ်ဟာ သူမရဲ့ တတိယရင်သွေးလေးကို မွေးဖွားလိုက်ပြီလို့ သိရပါတယ်။

မီဂန်ဖောက်စ်နဲ့ မင်းသား ဘရိုင်ယန် အော်စတင်တို့ဟာ ၂၀၁၀ ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး သားနှစ်ဦးထွန်းကားပြီးပါပြီ။ တတိယမြောက် ရင်သွေးကလည်း သားလေးပဲမွေးလိုက်ပါတယ်။ E! သတင်းမှာ ဖော်ပြချက်အရတော့ မီဂန်ဟာ တတိယမြောက်သားလေးကို သြဂုတ် ၄ ရက်နေ့ကတည်းက မွေးခဲ့တာလို့ သိရပါတယ်။

play

 

အသက် ၃ နှစ်အရွယ် သားကြီးကို နိုအာ့ ရှန်နွန် ဂရင်း၊ ၂ နှစ်အရွယ် သားလတ်ကို ဘော့ဒီ ရန်ဆမ် ဂရင်းလို့ အမည်ပေးခဲ့သလို သားငယ်လေးရဲ့အမည်ကို ဂျာနီ ရစ်ဗား ဂရင်းလို့ အမည်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

ှSource : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ