International Celebrity: တေလာဆွစ်က မိမိကိုရည်ညွှန်းပြီးသီချင်းတစ်ပုဒ်ဆိုခဲ့တယ်လို့ တေလာလောတ်နာဆို

အဲ့တာသူလုပ်နေကျပဲလေ.. သီချင်းရေးတာပေါ့။

play

 

Back to December သီချင်းဟာ မိမိကိုရည်ညွှန်းပြီး ဆိုထားတာဖြစ်တယ်လို့ သရုပ်ဆောင် တေလာလောတ်နာက အင်တာဗျူးတစ်ခုမှာ ဖြေလိုက်ပါတယ်။ တေလာဆွစ်ရဲ့ အလွမ်းသီချင်းတွေထဲမှာ Back to December သီချင်းက လူကြိုက်များတဲ့သီချင်းတစ်ပုဒ်ဖြစ်ပြီး သူမကိုယ်တိုင်ရေးစပ်ခဲ့တာဖြစ်ပါတယ်။

play

 

အဆိုတော်တေလာဆွစ်နဲ့ Twilight သရုပ်ဆောင် တေလာလောတ်နာတို့ဟာ ၂၀၀၉ ခုနှစ်မှာချစ်ကြိုက်ပြီး လမ်းခွဲခဲ့ကြတာပါ။ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိလာတဲ့ တေလာဆွစ်ရဲ့ Speak Now အယ်လ်ဘမ်မှာ တေလာဆွစ်ကိုယ်တိုင်ရေးထားတဲ့ Back to December သီချင်း ပါဝင်ခဲ့တာပါ။

play

 

တေလာဆွစ်ဟာ မိမိကိုလွမ်းဆွတ်ကြောင်း သီချင်းတစ်ပုဒ်ရေးခဲ့ပြီး ယင်းသီချင်းက Back to December ဖြစ်တယ်လို့ ဖေ့စ်ဘွတ်တိုက်ရိုက်အစီအစဉ်တစ်ခုရဲ့ အင်တာဗျူးမှာ တေလာလောတ်နာကပြောကြားလိုက်တာဖြစ်ပါတယ်။

Source : Billboard

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ