International Celebrity: အမေရိကန် မော်ဒယ်မင်းသားချော

ယောက်ျားပီသတဲ့ အရပ်အမောင်းနဲ့ကိုယ်ထည်၊ ပြာလဲ့လဲ့နဲ့ ထူးခြားလှပတဲ့ မျက်ဝန်းအစုံတို့ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားဖြစ်လာခဲ့ပါတယ်။

play


အမေရိကန် မော်ဒယ်မင်းသားချော တေလာကင်နီဟာ လန်ကက်စတာမှာ မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ညီအစ်ကို ၃ ယောက်ရှိသူ ဖြစ်ပါတယ်။

play


အနုပညာလောကထဲကို ၂၀၀၆ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေထက် ရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်မှု ပိုများခဲ့ပါတယ်။

play


သူ့ကို ပရိသတ်တွေ စတင်သတိထားမိတာကတော့ ၂၀၁၀ မှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ The Vampire Diaries ကမ္ဘာကျော် ရုပ်ရှင်ဇာတ်လမ်းတွဲမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ့ ဇာတ်လမ်းထဲမှာ တေလာဟာ အပိုင်း ၉ ပိုင်းလောက် သမန်းဝံပုလွေ မေဆန် လော့က်ဝုဒ်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

play


ယောက်ျားပီသတဲ့ အရပ်အမောင်းနဲ့ကိုယ်ထည်၊ ပြာလဲ့လဲ့နဲ့ ထူးခြားလှပတဲ့ မျက်ဝန်းအစုံတို့ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားဖြစ်လာခဲ့ပါတယ်။

play


တေလာဟာ ၂၀၁၂ မှာတော့ Chicago Fire ရုပ်ရှင်ဇာတ်လမ်းတွဲမှာ အဓိက ဇာတ်ကောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ထပ်မံရရှိခဲ့ပြန်ပါတယ်။

play


၂၀၁၁ ခုနှစ်ကတည်းက စတင်ကာ ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါနဲ့ ချစ်ကြိုးသွယ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ တရားဝင်စေ့စပ်ခဲ့ပေမဲ့ လက်ရှိမှာတော့ လမ်းခွဲခဲ့ကြပြီ ဖြစ်ပါတယ်။ လေဒီဂါဂါရဲ့ You and I သီချင်းဗီဒီယိုမှာလည်း သူ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အမေရိကန် မော်ဒယ်မင်းသားချောကို တေလာကို ၁၉၈၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ