International Celebrity: ဂျေဒန်စမစ် ကိုယ့်ကိုယ်ကိုယ်သတ်သေတယ်ဆိုတဲ့ ဗီဒီယိုဖိုင်အတု ထွက်ပေါ်ခဲ့

ဖခင် ဝီလ်စမစ်ကို နှုတ်ဆက်စကားပြောပြီး သတ်သေခဲ့တဲ့ အကြောင်းက ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

play

 

ဂျေဒန်စမစ် သေပြီဆိုတဲ့ သတင်းမှားကို ဗီဒီယိုဖိုင်အတုနဲ့ လွှင့်ခဲ့တာပါ။

ဖခင်ဖြစ်သူ ဝီလ်စမစ်ကို နှုတ်ဆက်စကားပြောကြားထားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ်မှာ တင်ပြီး ဂျေဒန်စမစ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပြီဆိုတဲ့ သတင်းကို လွှင့်ခဲ့တာ ဖြစ်ပါတယ်။

play

 

ကလစ်ခ်နှိပ်ဝင်လိုက်တဲ့အချိန် တခြားဗီဒီယိုဖိုင်သာ ပေါ်လာတဲ့ အဲဒီဗီဒီယိုဖိုင်လင့်ခ်အတုကို လူတွေက ကလစ်နှိပ်လိုက်တိုင်း တခြားသူတွေရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သွားပေါ်တဲ့အတွက် အဲဒီသတင်းဟာ ပိုပြီး ပျံ့နှံ့ခဲ့ပါတယ်။

play
ဂျေဒန်စမစ်နဲ့ ဝီလိုစမစ်

 

ဂျေဒန်စမစ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းကလည်း အလားတူ ကောလာဟလအလွှင့်ခံရပေမဲ့ အခုထိ ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေတုန်းပါပဲ။

ဂျေဒန်ဟာ အဲဒီကောလာဟလကိုတော့ ဘာမှတုံ့ပြန်ခြင်း မရှိသေးပါဘူး။

 

Source & Photos

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ