International Celebrity: မော်ဒယ်မလေးတစ်ယောက်နဲ့ လက်ချင်းတွဲထားတဲ့ ဂျက်စတင်ဘီဘာ

ဂျက်စတင်ဘီဘာဟာ ပြီးခဲ့တဲ့ အပတ်ကလည်း ဟာဝိုင်အီမှာ ဘီကီနီမလေးတွေ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။

play

 

ဟာဝိုင်အီတုန်းက ဘီကီနီမလေးတွေနဲ့ ပျော်မြူးနေပုံတွေကို လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ဂျက်စတင်ဘီဘာဟာ ကယ်လီဖိုးနီးယားကို ပြန်ရောက်နေပါတယ်။

play

 

ပျော်ရတာ အရှိန်သေသေးပုံမရတဲ့ ဂျေဘီဟာ ကယ်လီဖိုးနီးယားက လက်ဂူနာကမ်းခြေမှာ မော်ဒယ်မလေး ဆိုဖီယာရစ်ချီနဲ့ တိတ်တဆိတ်တွေ့ဆုံနေတာကို မြင်တွေ့ရပါတယ်။

အသက် ၂၂ နှစ်အရွယ် ဂျေဘီနဲ့ အသက် ၁၇ နှစ်အရွယ် ဆိုဖီယာတို့ဟာ ကမ်းခြေက ကျောက်တုံးတွေနားမှာ တရင်းတနှီးရှိနေကြပါတယ်။

play

 

ဂျေဘီဟာ ပြီးခဲ့တဲ့ အပတ်တုန်းကတော့ သူနဲ့ ဒိတ်နေတယ်လို့ နာမည်ထွက်နေတဲ့ မော်ဒယ် ဆာဟာရာရေးနဲ့အတူ အဝတ်အစားမပါဘဲ ရေကူးနေတဲ့သတင်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပါသေးတယ်။

ကယ်လီဖိုးနီးယားကမ်းခြေမှာတော့ ကျောက်တုံးတွေပေါ်ကအဆင်းမှာ ဆိုဖီယာနဲ့ လက်ချင်းတွဲထားခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ