International Celebrity: ချစ်သူရဲ့ ဘီကီနီဓာတ်ပုံကို ဂုဏ်ယူစွာနဲ့ ဝေမျှလိုက်တဲ့ ဘရွတ်ကလင်းဘက်ခမ်း

နှစ်ယောက်အတူ ကမ်းခြေကို ထွက်ခဲ့ကြတာပါ။

play

 

ဒေးဗစ်ဘက်ခမ်းရဲ့အကြီးဆုံးသား ဘရွတ်ကလင်းနဲ့ ဟောလိဝုဒ်မင်းသမီး ကလိုဝီဂရေ့စ်မိုရက်စ်တို့ဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ ကမ်းခြေကိုသွားပြီး နှစ်ယောက်တည်း အေးအေးချမ်းချမ်းနေခဲ့ကြပါတယ်။

play

 

အသက် ၁၇ နှစ်အရွယ် ဘရွတ်ကလင်းဟာ အသက် ၁၉ နှစ်အရွယ် ချစ်သူနဲ့ အတူရှိနေတဲ့ ရိုမန်တစ်ဆန်လှတဲ့ နေ့လေးကို မှတ်တမ်းတင်ထားချင်ပုံရပါတယ်။ ကလိုဝီရဲ့ ဘီကီနီလေးနဲ့ပုံကို သူအမြဲတင်နေကျ အဖြူအမည်းကာလာနဲ့ ဘရွတ်ကလင်းက အင်စတာဂရမ်ကနေ မျှဝေခဲ့ပါတယ်။

play

 

ကလိုဝီမိုရက်စ်က ဘီကီနီလေးပေါ်မှာ ရှပ်အင်္ကျီအဖြူထပ်ဝတ်ပြီး ပင်လယ်ပြင်ကြီးကို နောက်ခံထားလို့ ပေါ့ပေါ့ပါးပါးပြုံးရယ်ရင်း ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ