International Celebrity: အစ်ဂီရဲ့တင်ပါးတွေ အတုလားလို့ အမေးခံရ

အမေးခံရလိုက်လို့ အစ်ဂီက အပြုံးပျက်မသွားပါဘူး။

play

 

ရပ်ပ်အဆိုတော်မလေး အစ်ဂီအဇေးလီယာဟာ ကာလရှည်ကြာတွဲလာရင်း ပြတ်လိုက်၊ ပြန်ဆက်လိုက်နဲ့ သံသရာလည်နေတဲ့ ချစ်သူကို အပြီးတိုင်လမ်းခွဲပြီးနောက်မှာတော့ သိသိသာသာလေး ပိုလှလာပါတယ်။ မျက်နှာအမူအယာတွေလည်း ပြောင်းလဲသွားသလို ကိုယ်ခန္ဓာကလည်း အမိုက်စားဘော်ဒီလေးဖြစ်လာလို့ လူတွေက စိတ်ဝင်စားနေကြပါတယ်။

play

 

ပြီးခဲ့တဲ့သီတင်းပတ်က ဘီကီနီလေးနဲ့ ကျောခိုင်းထိုင်နေတဲ့ ပုံတစ်ပုံကို အစ်ဂီက သူမရဲ့အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။ ပုံထဲမှာ သိသိသာသာ ပိုလှလာတဲ့ ခန္ဓာကိုယ်အောက်ပိုင်းကြောင့် အစ်ဂီရဲ့တင်ပါးတွေကို အတုတွေလားလို့ အင်တာဗျူးတစ်ခုမှာ အမေးခံလိုက်ရတာဖြစ်ပါတယ်။

play

 

သြစတြေးလျအဆိုတော်မလေးက ဒီမေးခွန်းကြောင့် ရှက်ရွံ့သွားတာမျိုးမဖြစ်ဘဲ သူမရဲ့ခန္ဓာကိုယ်ဟာ အစစ်အမှန်ဖြစ်ကြောင်းကို အေးအေးဆေးဆေးပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစ်ဂီရဲ့အင်စတာဂရမ်မှာတော့ ပုံအလန်းစားတွေကို အဆက်မပြတ်တင်နေဆဲပါပဲ။

Source : People

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ