International Celebrity: ရုတ်တရက် အလွန်အမင်းအိုစာသွားတဲ့ ဟုဂျက်ခ်မန်း

Wolverine က ဘယ်တော့မှ မသေပါဘူး။

play

 

ဟောလိဝုဒ်မင်းသားကြီး ဟုဂျက်ခ်မန်းရဲ့ အင်စတာဂရမ်က ဓာတ်ပုံတစ်ပုံဟာ လူပေါင်း ၇ သန်းကျော်ကို အံ့သြမှင်သက်သွားစေခဲ့ပါတယ်။

play

 

ဟုဂျက်ခ်မန်းရဲ့ အင်စတာဂရမ်မှာရှိတဲ့ follower ပေါင်း ၇.၄ သန်းကျော်ဟာ မယုံနိုင်လောက်အောင် အိုမင်းသွားတဲ့ မင်းသားကြီးကိုကြည့်ကာ အံ့သြသွားကြရတာပါ။ အသက် ၄၇ နှစ်သာ ရှိသေးတဲ့ မင်းသားကြီးဟာ အသက် ၆၀ အရွယ်လောက် အိုမင်းနေတာကို တွေ့ရပါတယ်။

play

 

ပရိသတ်တွေကတော့ လတ်တလောမှာ တတိယမြောက် Wolverine ရုပ်ရှင်ကို ရိုက်ကူးနေတာဖြစ်လို့ ဟုဂျက်ခ်မန်းရဲ့ X-Men ဇာတ်ကောင်အတွက် မိတ်ကပ်လိမ်းထားတာလို့တော့ ထင်ကြေးပေးနေကြပါတယ်။

Source : Hugh Jackman Instagram

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ